ကျွန်မ လိုချင်တဲ့အရောင်တွေ၊ skincare ဆိုလဲ ကျွန်မ အသားအရေအတွက် skincare မျိုး၊ ရေမွှေးဆိုလဲ ကိုယ်ကြိုက်တဲ့ အနံ့မျိုးထုတ်မှာပါ။

ယူကေက နာမည်ကျော် အဆိုတော် ဗစ်တိုးရီးယားဘက်ခ်ဟမ်း ဟာ ကမ္ဘာကျော် အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Estée Lauder နဲ့ ပူးပေါင်းပြီး သူ့နာမည်နဲ့ ရေမွှေး နဲ့ skincare ပစ္စည်းတွေ ထုတ်တော့မယ်ဆိုတာ အတည်ပြုလိုက်ပါတယ်။

 

Spice Girls အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Posh Spice ခေါ် ဗစ်တိုးရီးယားဘက်ခ်ဟမ်းက သူ့ကိုယ်ပိုင် မိတ်ကပ်ကို Estée Lauder နဲ့ ပူးပေါင်းပြီး ၂၀၁၇မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။

"ကျွန်မ လိုချင်တဲ့အရောင်တွေ၊ skincare ဆိုလဲ ကျွန်မ အသားအရေအတွက် skincare မျိုး၊ ရေမွှေးဆိုလဲ ကိုယ်ကြိုက်တဲ့ အနံ့မျိုးထုတ်မှာပါ" လို့  Harpers Bazaar မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူကပြောပါတယ်။

ဘက်ခ်ဟမ်းတို့ စုံတွဲ ရေမွှေးထုတ်တာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခ်ဟမ်းက သူ့နာမည်နဲ့ ရေမွှေးအမျိုးအစား ၃၀ကို ထုတ်ခဲ့ပြီး  ၂၀၀၆ခုနှစ်မှာ Intimately Beckham နာမည်နဲ့ ပထမဆုံးထုတ်တဲ့ ရေမွှေးကြော်ငြာမှာတော့ ဒေးဗစ်ဘက်ခ်ဟမ်းရော၊ ဗစ်တိုးရီးယားဘက်ခ်ဟမ်းပါ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

 

ဗစ်တိုးရီးယားဘက်ခ်ဟမ်းဟာ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ သူ့နာမည်နဲ့  ဖက်ရှင် brand တစ်ခုကို စတင် မိတ်ဆက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က