သင်္ကြန်မှာ ခရေဇီအရောင်လေးတွေ ဆိုးတော့ လန်းတာပေါ့။

သင်္ကြန်မှာ လေဒီတွေ ဘယ်လိုမိတ်ကပ်တွေနဲ့ အလှဆုံးပြင်ကြမလဲ။ တနေကုန်ရေစိုလည်း အလှမပျက်ဖို့ အလန်းဆုံး Thingyan make-up look လေးကို ဒီပစ္စည်းလေးတွေသုံးပြီး အဆင့်ဆင့် မိတ်ကပ်လိမ်းခြယ်ကြည့်ရအောင်ပါ။

 

(၁) Suncream (နေရောင်ကာခရင်မ်)

သင်္ကြန်မှာ တနေကုန် နေရောင်အောက်မှာ ကဲကြမယ်ဆိုတော့၊ နေဒဏ်၊ ရေဒဏ်တွေကြောင့်အသားအရေ မပျက်စီးအောင် Sun cream လေးလိမ်းပေးပါနော်။

 

(၂) Primer (မိတ်ကပ်အောက်ခံ ခရင်မ်)

သင်္ကြန်မှာ မိတ်ကပ်ကြာရှည်ခံနေပြီး လှနေအောင် Primer လေးကို လိမ်းပေးပါနော်။ ဒါမှ ရေနဲ့ထိတဲ့အခါမှာ မိတ်ကပ်တွေရွေ့သွားတာ၊ ပျက်သွားတာမဖြစ်တော့ပဲ တနေကုန်လှနေမှာ။

 

(၃) Foundation (မိတ်ကပ်အရည်)

Foundation ကိုလည်း ပုံမှန်လိမ်းနေကြထက် ပိုပြီး ကြာရှည်ခံအောင် Long lasting Foundation ကို ရွေးပေးပါ။ Water proof Foundation တွေလိမ်းပေးရင် တစ်နေ့လုံး ကြာရှည် ခံနိုင်ပြီး ရေစိုလည်း မပြတ်နိုင်တော့ဘူးလေ။

 

(၄) Concealer (ကွန်စီလာ)

Concealer ကိုလည်း Waterproof Concealer ကိုသုံးခြင်းဖြင့် မျက်နှာမှာ ရှိတဲ့ အမဲစက်တွေ ကိုရေစိုလည်း ပျက်မနေတော့ဘဲလှနေမှာနော်။

 

(၅) Powder (ပေါင်ဒါ)

ခါတိုင်းသုံးနေကျ two-way powder တွေအစား matte powder၊ loose powder တွေ သုံးတာပိုအဆင်ပြေပါတယ်။ ဒီနေရာမှာ ဘရက်ရှ်နဲ့ သုံးမယ့်အစား မိတ်ကပ်လေးတွေ သိပ်သိပ်လေးဖြစ်နေအောင် ဥလေးကို ရေစွတ်ပြီး အသာလေးပုပ်ပုပ်ပြီးသုံးပေးပါ။ မဟုတ်ရင် မိတ်ကပ်တွေ ကွက်ပြီး စီးကျနေလိမ့်မယ့်။

 

(၆) Eyebrow (မျက်ခုံးမွှေး)

မျက်ခုံးမွှေးဆွဲတဲ့အခါမှာလည်း သုံးနေကျဖြစ်တဲ့ powder Type ၊ ခဲတံ ၊ crayon မျိုးတွေမသုံးဘဲ

ကြာရှည်ခံမယ့် water proof Gel, Eyebrows Tint တွေ က ရေဆိုလည်းအလှမပျက်ဘဲ တစ်နေကုန်လှနေမှာပါ။

 

(၇) Eyeshadow (မျက်လုံး)

Eyeshadow ချယ်တဲ့ အခါမှာလည်း powder type ကို မရွေးချယ်ဘဲ Cream အမျိုးအစား Gelတို့ကို ရွေးချယ်ပေးရပါမယ်။ နောက်တနည်းကတော့ နှုတ်ခမ်းနီ တောက်တောက်လေးတွေ ကိုလည်း eyeshadow အဖြစ် သုံးနိုင်ပါတယ်။ သင်္ကြန်မှာ ခရေဇီအရောင်လေးတွေ ဆိုးတော့ လန်းတာပေါ့။

 

(၈) Eyeliner (လိုင်နာ)

Eyeliner ကိုလည်း ဆိုးနေကျ အမဲရောင် မဆိုးဘဲနဲ့ ပိုပြီး လန်းသွားအောင် အရောင်လေးတွေပါတဲ့ water proof Colour liner လေးတွေဆိုးပေးရင် အားလုံးထက်လန်းနိုင်ပြီး ဆွဲဆောင်မှူရှိတဲ့ မျက်လုံးတစ်စုံကိုရရှိမှာပါ။

 

 

(၉) Mascara (မျက်တောင်ကော့ဆေး)

သင်္ကြန်မှာရေ ပတ်ရင်း အမဲစီးကြောင်းကြီး ကျမလာအောင် water proof mascara လေးကို မဖြစ်မနေသုံးပေးပါနော်။ မဟုတ်ရင် ရေတွေစိုရင် ပင်ဒါမျက်ဝန်းတစုံဖြစ်နေမယ်။

 

(၁၀) Highlight (ပြောင်ပြောင်လေးဖြစ်အောင်)

နွေရာသီပွဲတော်တွေမှာ မပါမဖြစ်အရေးကြီးဆုံးက Highlighter ၊ Glitter  လေးတွေပါ။ Highlight ကို နှာရိုး၊ ပါးရိုးတို့အပြင် လည်ပင်း၊ ညှပ်ရိုး၊ ပခုံးတို့မှာလည်း အသုံးပြုမယ်ဆိုရင်စိုပြေတဲ့ အသားရောင်လေး ညိုစိုဝင်းနေပြီး ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ။

 

(၁၁) Lipstick (နှုတ်ခမ်းနီ)

နှုတ်ခမ်းနီ ကိုလည်း လူကြားထဲမှာထင်းနေပြီး လှနေအောင် အနီရဲရဲ၊ ခရမ်း၊ လိမ္မော်၊ အပြာ၊ အစိမ်း၊ မီးခိုး စတဲ့ ခရေဇီ အရောင်တွေကို ဆိုးပေးခြင်းဖြင့် အားလုံးထက်အပြတ်လန်းနေမှာဘဲဖြစ်ပါတယ်။ lipgloss တွေ၊ cream type တွေထက် Matte နှုတ်ခမ်းနီလေးတွေဆို ပိုပြီး အဆင်ပြေမှာပါ။

 

(၁၂) Setting Spray (မျက်နှာဖြန်းတဲ့အရည်)

နောက်ဆုံးအနေနဲ့ မိတ်ကပ်တွေသူ့နေနရာနဲ့ သူညီညီလေးဖြစ်သွားအောင် Settpng Spray လေးဖြန်းပေးပါနော်။

Share

Loading Next Article...
က္က