မျက်နှာသစ်ပြီးတိုင်းသုံးရင် အသားအရေ ဝင်းလာပါလိမ့်မယ်။

ဗော့ဒ်ကာ (vodka) ဆိုတာ ရုရှား အရက်ဖြူတစ်မျိုးပါ။ ပြင်းလည်း ပြင်းတယ်။ အဲ့လိုအရက်မျိုး လက်ဆောင်ရလာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေလား။ လွှင့်လည်းမပစ်နဲ့၊ သူများကိုလည်း မပေးလိုက်နဲ့နော်။ ကိုယ့်လှရေးပရေးအတွက်ပဲ သုံးရအောင်ပါ။

 

မဒီလေးတို့ရဲ့ မျက်နှာက ကျယ်နေတဲ့ ချွေးပေါက်တွေကို ဗော့ဒ်ကာအရက်ကိုသုံးပြီး ပြန်ကျဉ်းအောင်လုပ်လို့ရတယ်။ ဗော့ဒ်ကာနဲ့ toner လုပ်ကြမယ်လေ။ ပိတ်နေတဲ့ချွေးပေါက်တွေလည်းပွင့်၊ ကျယ်နေတဲ့ချွေးပေါက်တွေလည်း ကျဉ်းသွားတော့ အသားအရေလေးက ပိုညီညာ စိုပြေလာတော့မှာ။

ဗော့ဒ်ကာအရက် - ထမင်းစားဇွန်း ၁ ဇွန်း၊ ပေါင်းခံရည် - ထမင်းစားဇွန်း - ၂ ဇွန်း၊ rosemary အဆီ - ၂ စက်၊ jojoba oil - ၂ စက်တို့ကို ရောလိုက်ရင် ဗော့ဒ်ကာနဲ့လုပ်တဲ့ toner လေး ရပါပြီ။ မျက်နှာသစ်ပြီးတိုင်းသုံးရင် အသားအရေ ဝင်းလာပါလိမ့်မယ်။

 

နောက်ပြီးတော့ အဲ့ဒီအရည်ကိုပဲ facial spray အနေနဲ့လည်း သုံးနိုင်တယ်။ ယားယံတာတွေကို သက်သာစေပြီး ချက်ခြင်းပဲ လန်းဆန်းသွားမှာပါနော်။ သုံးတတ်ရင် အရက်တောင် toner လုပ်လို့ရတယ်သိလား။

Share

Loading Next Article...
က္က