မယုံရင် Instagram ကိုသွားပြီး Search box မှာ #haircolortrends လို့သာ ရိုက်ရှာကြည့်လိုက်ပါ။

ဒီနေ့ခေတ်ကြီးထဲမှာ ဆံပင်အရောင်ဆိုးတာ၊ နားပေါက်ဖောက်တာတွေဟာ သရုပ်ပျက်တယ်လို့ အမြင်မခံရတော့ပါဘူး။ အနည်းဆုံးတော့ သင်္ကြန်တွင်းကဲဖို့ပဲဖြစ်ဖြစ် ဆံပင်အရောင် တစ်ကြိမ်တစ်ခါတော့ ဆိုးဖူးကြမှာပါ။ နောက်ပြီး မွေးရာပါဆံပင် အမဲရောင်နေရာမှာ ဆံပင်အရောင်ဆိုးတာနဲ့ ဟိုက်လိုက်ဖောက်ခြင်းဟာလည်း ဒီနေ့ခေတ်မှာ အလှအပရေးရာဆိုင်ရာ trend တစ်မျိုးပါပဲ။ နောက်ပြီး ရုပ်သံ၊ ဂီတ နဲ့ ဖျော်ဖြေရေးပိုင်းက ဆယ်လီတွေ၊ အနုပညာရှင်တွေကလည်း ဆံပင်အရောင်ဆိုးပြနေတော့ လူငယ်တွေကလည်း အားကျပြီး လိုက်လုပ်တတ်ကြပါတယ်။

 

ဆံပင်အရောင်ဆိုးခြင်းဟာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်သလို တော်တော်နဲ့လည်း ရပ်တန့်သွားမယ့် trend တစ်ခု မဟုတ်သေးပါဘူး။ အမှန်တော့ လူတွေဟာ သူတို့ရဲ့ရုပ်ဆင်းသွင်ပြင်လေး ပြောင်းလဲသွားဖို့ အရောင်မျိုးစုံပြောင်းဆိုးတာတို့၊ ကာလာစုံ ဟိုက်လိုက်ဖောက်တာတို့ကို လုပ်ရတာ အလွန်နှစ်သက်ကြပါတယ်။

မယုံရင် Instagram ကိုသွားပြီး Search box မှာ #haircolortrends လို့သာ ရိုက်ရှာကြည့်လိုက်ပါ။ လူပေါင်းများစွာ မိမိတို့ရဲ့ဆံကေသာပေါ်မှာ လက်တည့်စမ်းထားတဲ့ ဆံပင်ကာလာပေါင်းစုံကို မြင်တွေ့ရမှာပါ။ အဲဒီထဲမှာမှ လူကြိုက်အများဆုံး၊ လူစိတ်အဝင်စားဆုံး၊ trending အဖြစ်ဆုံး ဆံပင်အရောင်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့....

၁။ Ash Blonde (ပြာမှုန်ရောင်နဲ့ ရွှေအိုရောင်အနှော)

Ash-Blonde.jpg 

Ash Blonde ဆိုတဲ့အရောင်ဟာ ရွှေရောင်လည်းမဟုတ်၊ ငွေရောင်လည်းမကျတဲ့ကြားအရောင်ဖြစ်ပြီး အလွန်လှပတဲ့ အရောင်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ဒီအရောင်မျိုးဟာ အရမ်းခေတ်စားနေတာပါ။ အနက်ရောင်ဆံပင်ရှိသူတွေ (ကျွန်တော်တို့လို အာရှတိုက်သားတွေ) အပြောင်းအလဲလေးဖြစ်ဖို့အတွက် ဒီအရောင်မျိုးကိုစမ်းဆိုးနိုင်ပါတယ်။ ဖော်ပြထားတဲ့ပုံပါအတိုင်း ဆံပင်ပုံစံနဲ့ဆို ဒီအရောင်လေးနဲ့ အရမ်းကို လိုက်ဖက်ညီနေတာ တွေ့ရှိရမှာပါ။ ဆံပင်ဂုတ်ဝဲထားထားတဲ့ မိန်းကလေးတွေ စမ်းကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရောင်လေးက တကယ်လှပပြီး ဆွဲဆောင်မှုရှိလို့ပါပဲ။

၂။ Pink Ombre Hair (ပန်းဆီရောင်ဆံပင်)

Wella-colorid-Pink-Purple-Ombre-Hair.jpg 

မြင်တဲ့အတိုင်းပါပဲ။ ဒီအရောင်လေးဟာလည်း အလွန်လှပပြီး ချစ်စရာကောင်းပါတယ်။ နောက်ပြီး ဒီအရောင်မျိုးဟာ လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ အရောင်မျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းဆုံးဖြတ်ရမှာက မိမိမျက်နှာနဲ့လိုက်ဖက်ညီမှုရှိနိုင်/ မရှိနိုင်ဆိုတာပါပဲ။ ရှိနိုင်တယ်ထင်ရင်တော့ စမ်းဆိုးကြည့်သင့်တဲ့အရောင်ပဲဖြစ်ပါတယ်။ ပန်းရောင်တို့၊ အနီရောင်တို့ဟာ မိန်းကလေးအများစု ဆိုးလေ့ရှိတဲ့အရောင်တွေဆိုတော့ အဲဒီနှစ်ရောင်ကြားက Pink Ombre အရောင်လေးဟာာ မိန်းကလေး အချင်းချင်းတောင် ငေးမောရလောက်တဲ့ အလှတရားကိုဖန်ဆင်းပေးနိုင်မှာပါ။

၃။ Blue Hair (အပြာရောင်ဆံပင်)

Luxury-Grey-And-Turquoise-15-with-Grey-And-Turquoise.jpg 

ဒီအရောင်ကလည်း အရမ်းမိုက်ပါတယ်။ အပြာရောင်ဟာ မျက်စိအေးစေတဲ့အရောင်ဖြစ်တဲ့အတွက် အနက်ရောင်ဆံနွယ်ခွေ လေးတွေပေါ်မှာ ဟိုက်လိုက်ဖောက်လိုက်မယ်ဆိုရင် လူတိုင်းလည်ပြန်ငေးမောရ လောက်တဲ့ အလှတစ်ပါးဖြစ်လာစေမှာပါ။

၄။ Green (အစိမ်းရောင်)

maxresdefault.jpg 

အိုခေ။ တစ်ခုတော့ဝန်ခံလိုက်ရအောင်။ အစိမ်းရောင်ဟာ တော်တော်လန်းပါတယ်။ လူထူထူကြားထဲမှာ လူအများ အံ့သြတကြီး ဝိုင်းကြည့်တာကို ခံနိုင်တယ်ဆိုရင်တော့ မဖြစ်မနေစမ်းသပ်ကြည့်သင့်တဲ့ အရောင်တစ်မျိုးပါပဲ။ အထူးသဖြင့်ပုံထဲကလို အနက်ရောင်ဆံပင်ပေါ်မှာ အစိမ်းရင့်ရောင်ဟိုက်လိုက်ဖောက်ထားတာမျိုးပေါ့။

၅။ ငွေရောင် (Silver)

Deanerys Targaryen with a white stalion.jpg 

ဆံပင်ဖြူတစ်ချောင်း၊ နှစ်ချောင်းပေါက်တဲ့အခါ အနက်ရောင်ဆိုးဆေးပြန်ဆိုးတတ်ကြပါတယ်။ အဲဒီအစား အဖြူရောင် (သို့) ငွေရောင်ဆေးဆိုးလိုက်မယ်ဆိုရင်ကော။ အသားဖြူပြီး ခေတ်ဆန်တဲ့လူတွေနဲ့တော့ ဒီအရောင်လေးဟာ တင့်တယ်စွာ လိုက်ဖက်ညီနေပါတယ်။

တစ်ခုတော့ရှိတာက ဒီအရောင်ဆိုးမယ့်သူတွေဟာ ပါးစပ်သရမ်းတတ်တဲ့သူတွေရဲ့ "အဘွား" လို့ခေါ်တာတွေကို ဂရုမစိုက်တတ်မှတော့ ရမှာပါ။ ခေါ်ချင်တာ ခေါ်ပါစေ။ ဖက်ရှင်အလန်းလေးနဲ့တွဲဖက်လိုက်မယ်ဆိုရင် သူတို့တွေ အံ့သြငေးမောပြီး ခင်ဗျားကို "Game of Throne" ထဲက "Mother of dragons" နဲ့တောင် မှားကြပါလိမ့်မယ်။

၆။ Rose Gold (နှင်းဆီရွှေရောင်)

DC9GVrTXsAEAB7m.jpg 

အဝါရောင်ရင့်ရင့် (ရွှေရောင်) နဲ့ နှင်းဆီပန်းရောင်ကို ရောစပ်ထားတဲ့ rose gold (နှင်းဆီရွှေရောင်) ဟာ သဘာဝအတိုင်း အနက်ရောင်ဆံကေသာပိုင်ရှင်တွေနဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်တွေရဲ့ ဆံကေသာပေါ်မှာ ပေါင်းစပ်လို့ တင့်တယ်ပါတယ်။ Rose Gold ဆိုတာ စမတ်ဖုန်းတွေမှာပဲခေတ်စားတဲ့အရောင်မဟုတ်တော့ပါဘူး။ ဆံပင်ကာလာတစ်ခုအဖြစ်လည်း ခေတ်စားတဲ့အခြေအနေကို ရောက်ရှိနေပါပြီ။

Source: youngisthan

Share

Loading Next Article...
က္က