ဒီဗီဒီယိုမှာ Rihanna က မိတ်ကပ်ကို စည်းမျဉ်းကန့်သတ်ချက်တွေ မထားပဲ၊ သူ့စိတ်ကြိုက် လိမ်းခြယ်ပြသသွားတာဖြစ်ပါတယ်။

နာမည်ကျော်ပေါ့ပ်ဂီတအဆိုရှင် Rihanna က သူ့ရဲ့ ကိုယ်ပိုင်မိတ်ကပ်အမှတ်တံဆိပ်ဖြစ်တဲ့ Fenty ကိုသုံးပြီး နွေရာသီမိတ်ကပ်၊ summer look လေးကို ကမ္ဘာကျော် ဖက်ရှင်မဂ္ဂဇင်း Vogue အတွက် make-up tutorial ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

 

ဒီဗီဒီယိုမှာ Rihanna က မိတ်ကပ်ကို စည်းမျဉ်းကန့်သတ်ချက်တွေ မထားပဲ၊ သူ့စိတ်ကြိုက် လိမ်းခြယ်ပြသသွားတာဖြစ်ပါတယ်။

၁၀မိနစ် make-up tutorial မှာ Rihanna က သူ့ရဲ့ Fenty foundation ကနေ နောက်ဆုံးထွက်တဲ့ body oil အထိ အစအဆုံး လိမ်းခြယ်သွားတာဖြစ်ပါတယ်။

 

Summer make-up look လေးဖြစ်တဲ့အတွက်ကြောင့် ဒီဗီဒီယိုမှာ Rihanna က ပန်းရောင်တောက်တောက် နဲ့ လိမ္မော်ရောင်တို့ကို အများဆုံးလိမ်းခြယ်သွားပြီး၊ conturing ကို သူ့လို မျက်နှာကျပေါ်မှာ လုပ်နည်း၊ နောက်သူအကြိုက်ဆုံးဖြစ်တဲ့ highlighter တွေကိုလည်း အများဆုံး ခြယ်သသွားပါတယ်။

 

ကိုယ်တိုင်လည်း မိတ်ကပ်ခရေဇီဖြစ်တဲ့ Rihanna က နွေရာသီအတွက် သူ့ရဲ့ ဖီလင်က “များလေကောင်းလေ” ပဲလို့ ပြောခဲ့တာကြောင့် မဒီတို့တို့ Rihanna ရဲ့ Fenty မိတ်ကပ်လေးတွေက ဒီရာသီအတွက်နောက်ထပ် အသစ်အဆန်းလေးတွေထွက်မလာဆိုတာ စောင်မျှော်ရအုံးမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က