Microbeads တွေကြောင့် အသားအရေ ကောင်းလာဖို့မရှိဘူး။ ပိုပျက်စီးဖို့ပဲရှိမယ်။

မျက်နှာသစ်ဆေးနဲ့ မျက်နှာကြေးချွတ်ခရင်မ်တွေထဲမှာ သေးငယ်တဲ့ အစေ့လေးတွေ ပါဝင်နေတတ်ပါတယ်။ အဲ့ဒီအစေ့လေးတွေကို microbeads လို့ ခေါ်ပြီး မျက်နှာပေါ်က ကြေးတွေကို ပွတ်တိုက်ဖယ်ရှားဖို့အတွက် ထည့်သွင်းထုတ်လုပ်ထားတာပါ။ ယူကေမှာတော့ microbeads တွေကို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းထုတ်လုပ်ခြင်းမပြုဖို့ ပိတ်ပင်လိုက်ပါတယ်။

 

ဇူလိုင်လကစပြီး microbeads ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ယူကေမှာ ထုတ်လုပ်ရောင်းချခွင့် ပြုတော့မှာ မဟုတ်ပါဘူး။ Microbeads တွေကို မျက်နှာကြေးချွတ်ခရင်မ်၊ မျက်နှာသစ်ဆေးနဲ့ သွားတိုက်ဆေးတို့မှာ အဓိက မြင်ရလေ့ ရှိပါတယ်။ သေးငယ်တဲ့အစေ့လေးတွေဟာ ပလတ်စတစ်စေ့လေးတွေသာ ဖြစ်ပြီး microbeads တွေကို ပိတ်ပင်ရခြင်းရဲ့ အကြောင်းပြချက်က တစ်ခုမက ရှိပါတယ်။

 

အသုံးပြုပြီးတဲ့ microbeads တွေဟာ ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်သွားတဲ့အခါ တောရိုင်းတိရစ္ဆာန်တွေကို ဘေးဖြစ်စေပါတယ်။ ရေထုထဲကို ရောက်သွားပြီးရင် အစားအစာတွေထဲကို တကျော့ပြန် ရောက်လာမိနိုင်ပါတယ်။ ဥပမာ microbeads တွေကို ငါးကစားပြီးရင် အဲ့ဒီငါးကို ပြန်စားတဲ့အခါမျိုးမှာပါ။ ကမာကောင်တွေထဲမှာ သေးငယ်တဲ့ ပလတ်စတစ်စပေါင်း ၅၀ လောက် ရှိနေတာမျိုး တွေ့ခဲ့ပြီးပြီလို့ သိရတယ်။

နောက်တစ်ခုကတော့ microbeads တွေကို အသုံးပြုခြင်းကြောင့် အသားအရေက ကောင်းလာမှာမဟုတ်ဘဲ ပျက်စီးဖို့သာ ရှိပါတယ်။ အသားအရေကို ပွန်းပဲ့ပျက်စီးစေပြီး ကြာရှည်သုံးရင် ဆိုးကျိုးပိုဖြစ်စေပါတယ်။ သေးငယ်လွန်းတာကြောင့် ချွေးပေါက်တွေထဲကိုလည်း ဝင်သွားနိုင်ပါတယ်။ အလှအပနဲ့ အရေပြားဆရာဝန်တွေကလည်း microbeads တွေ ပါဝင်တဲ့ မျက်နှာသစ်ခရင်မ်တွေကို အသုံးမပြုဖို့ တိုက်တွန်းလေ့ရှိပါတယ်။

Source : Metro

Share

Loading Next Article...
က္က