"ဖက်ရှင်အတွက် တိရစ္တာန်တွေကို မသတ်ချင်ပါဘူး"

ဖက်ရှင်အသုံးအဆောင်တွေမှာ သားရေနဲ့ သားမွေးကို အသုံးပြုသင့်၊ မပြုသင့် ကိစ္စဟာ အငြင်းပွားစရာ ဖြစ်နေခဲ့တာတော့ ကြာပါပြီ။ တချို့သော ဖက်ရှင်အမှတ်တံဆိပ်ကြီးတွေကတော့ ဒါကို လက်ခံကြပါတယ်။ ခုလည်း တန်ဖိုးကြီးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Versace ရဲ့ သားမွေးထည်တွေကို နောင်အနာဂတ်မှာ မြင်ရဖို့မရှိတော့ပါဘူး။

 

နာမည်ကြီးဒီဇိုင်နာ Donatella Versace က Versace ရဲ့ ဒီဇိုင်းတွေမှာ သားမွေးကို ဆက်လက်အသုံးပြုတော့မှာမဟုတ်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာပါ။ " ဖက်ရှင်အတွက် တိရစ္တာန်တွေကို မသတ်ချင်ပါဘူး။ အဲ့တာကို မှန်ကန်တယ်လို့လည်း မခံစားရဘူး" လို့ The Economist နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

 

Versace ဟာ သားမွေးထည်၊ သားရေ အသုံးအဆောင် ဖက်ရှင်တွေနဲ့ လူကြိုက်များလှပါတယ်။ ခုတော့လည်း တိရစ္ဆာန်တွေကို အသုံးပြုထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ကြတဲ့ အခြားအမှတ်တံဆိပ်တွေနဲ့အတူ Versace က ပါဝင်လိုက်တာပါ။ Gucci ၊ Givenchy ၊ Furla နဲ့ Michael Kors တို့ဟာ သားမွေးထည်တွေကို အသုံးပြုခြင်းကနေ ရပ်ဆိုင်းလိုက်ပြီလို့ အသီးသီး ကြေညာထားခဲ့ကြပါတယ်။

 

" တစ်စုံတစ်ယောက်က ကျွန်မဆီလာပြီးပြောတယ်... မင်းသာ သားမွေးတွေမသုံးတော့ဘူးဆိုရင် ဖက်ရှင်ကပ်ဘေးဆိုက်ပြီပဲလို့ပြောလာတယ်။ ရှင် အဲ့တာကိုယုံလား... ကျွန်မကတော့ Versace လေ။ ဒါပေမဲ့ Versace ကလည်း ပြောင်းလဲမှုတွေ လိုအပ်တာပေါ့" လို့ Donatella Versace က ပြောပါတယ်။ တရားဝင်တော့ မကြေညာရသေးပေမဲ့ မကြာခင် ကြေညာသွားမယ်လို့ ယူဆရပါတယ်။

Source : Paper

Share

Loading Next Article...
က္က