ထောင်ဂဏန်းနဲ့ရတဲ့အထည်ကို သိန်းနဲ့ချီရောင်းနေတာပါ။

ဖက်ရှင်ဆိုတာ တစ်ပတ်ပြန်လည်တတ်ပါတယ်။ အရင်က ခေတ်စားခဲ့တာတွေ နောင်တစ်ချိန်မှာ ပြန်ခေတ်စားလာတာကိုက ဖက်ရှင်ရဲ့သဘောသဘာဝပါပဲ။ ဒါပေမဲ့ မြန်မာတွေဝတ်တဲ့ လုံချည်တွေဟာ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်က သက်ဝင်ခံစားပြီး ရောင်းချတာကတော့ ထူးထူးခြားခြားဖြစ်နေပါတယ်။



 

လုံချည်/ပုဆိုး ဆိုတာက မြန်မာအမျိုးသားတိုင်းဝတ်ကြတယ်။ တကယ်လို့ ဘုရားကျောင်းကန်တွေကို ဘောင်းဘီတိုနဲ့ ဝတ်သွားမိတဲ့အခါ အပေါ်ကနေလုံချည်လေးထပ်ဝတ်ပြီးမှ တက်ရတယ်။ မြန်မာအပါအဝင် အာရှနိုင်ငံအချို့မှာလည်း လုံချည်ကို ဝတ်ဆင်ကြပါတယ်။ လုံချည်တစ်ကွင်းရဲ့ဈေးကလည်း ထောင်ဂဏန်းဝန်းကျင်နဲ့ ရနိုင်ပါတယ်။

 

ခုတော့ ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် Zara က လုံချည်နဲ့ အတော်ကြီးကို ဆင်တူတဲ့ ဖက်ရှင်တွေကို စတင်ရောင်းချလိုက်ပါတယ်။ တစ်ထည်ကို ၆၉ ပေါင် (ကျပ်တစ်သိန်းကျော်)နဲ့ ယူကေမှာ ရောင်းနေတာပါ။ Zara ကတော့ ဒါကို "check mini skirt" လို့ ပြောပါတယ်။ အရှေ့ဘက်မှာ ချည်နှောင်ဝတ်ရတဲ့စကတ်လို့ ပြောပြီး ရောင်းချနေပါတယ်။

 

Zara ရဲ့ စကတ်ဖက်ရှင်ဟာ လူမှုကွန်ရက်တွေပေါ်မှာတော့ ဟားတိုက်ခံရနေရပါတယ်။ အာရှဒေသ အမျိုးသားတွေဝတ်တဲ့ လုံချည်ကို ဈေးကြီးကြီးနဲ့ရောင်းနေတယ်လို့လည်း ဝေဖန်နေကြပါတယ်။ တချို့တလေကတော့ Zara ဟာ အမျိုးသားဝတ်ဖက်ရှင်ကို အမျိုးသမီးတွေပါ ဝတ်ဆင်နိုင်တောင် ဆန်းသစ်ဖန်တီးလိုက်တယ်လို့ အကောင်းဘက်က မှတ်ချက်ပေးနေတာလည်း တွေ့ရပါတယ်။

Source : BBC, Metro


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က