In partnership with  logo
မဒီတို့ညီအစ်မလည်း တစ်ချိန်ကျ သူတို့လို နာမည်ကျော်ချင် ကျော်လာမှာပေါ့။

မဒီလေးတို့ရေ .... ညီအစ်မရှိတဲ့လူတွေရှိရင် ပြောပါဦး။ ကိုယ့်အစ်မ/ ညီမနဲ့ ကိုယ်နဲ့ ဘယ်လိုတွေ အကြိုက်တူသလဲဆိုတာ။ ညီအစ်မနှစ်ယောက်လုံး အနုပညာနယ်ပယ်ထဲမှာ အောင်မြင်နေကြသူတွေကိုပြောပြဆိုရင် ဘယ်သူတွေရှိမလဲ? အများကြီးပဲပေါ့နော်။ ဟောလိဝုဒ်နယ်ပယ်ထဲမှာတော့ အကျော်ကြားဆုံး ညီအစ်မတွေကို ကြည့်ကြည့်ပါဦး။ မဒီတို့ညီအစ်မလည်း တစ်ချိန်ကျ သူတို့လို နာမည်ကျော်ချင် ကျော်လာမှာပေါ့။

၁။ ဂျက်ဆီကာ နဲ့ အက်ရှ်လီ ဆင်ပ်ဆန်

sistersimpson.jpg 

အမေရိကန်အဆိုတော် ဂျက်ဆီကာဆင်ပ်ဆန်နဲ့ အက်ရှ်လီဆင်ပ်ဆန်တို့ ညီအစ်မနှစ်ယောက်လုံးက ဟောလိဝုဒ်မှာ အောင်မြင်ကျော်ကြားပုံချင်းက အတော်လေးဆင်တူသလို သူတို့ရဲ့ လက်တွေ့ဘဝတွေကလည်း တူညီနေကြပြန်တယ်။ နှစ်ယောက်လုံးက အဆိုတော်တွေဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နှစ်ယောက်လုံး လက်ထပ်ခဲ့ကြပြီး ကလေးနှစ်ယောက်စီ ပိုင်ဆိုင်ထားကြတယ်။ နှစ်ယောက်လုံးက နှစ်ကြိမ်စီ လက်ထပ်ပြီးကြပြီ။ ဂျက်ဆီကာက အသက် ၃၆ နှစ်၊ အက်ရှ်လီကတော့ ၃၂ နှစ် ရှိပါပြီ။ ဟောလိဝုဒ်ရဲ့ အလန်းစား အဆိုတော်၊ မိခင်၊ ညီအစ်မနှစ်ဦးလို့တောင် တင်စားသင့်တယ်။

၂။ ကန်ဒဲလ် နဲ့ ခိုင်လီ ဂျန်နာ

sisterjenner.jpg 

မဒီလေးတို့ကတော့ ဒီညီအစ်မကို ပိုပြီးသိကြမလားပဲနော်။ Kylie Cosmestic လေးတွေကို သုံးရတာလည်း ကြိုက်တယ်မဟုတ်လား။ အမေရိကမှာတော့ Keeping Up With the Kardashians ရုပ်သံအစီအစဉ်နဲ့ သူတို့ညီအစ်မကို လူသိများလာခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ အစ်မဖြစ်တဲ့ ကန်ဒဲလ်က Victoria's Secret ရဲ့ စူပါမော်ဒယ်အဖြစ်နဲ့ ပါဝင်ပြီးနောက်ပိုင်း တစ်ရှိန်ထိုးနာမည်ကျော်လာခဲ့ပါတယ်။ ညီမလေး ခိုင်လီကတော့ ဖက်ရှင်၊ မော်ဒယ်နဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရင်း လူတွေအချစ်တော်လေးဖြစ်လာတာပေါ့။ အသက် ၂၁ အရွယ် ကန်ဒဲလ်ကလည်း တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းသလို ၁၉ နှစ်သမီးလေး ခိုင်လီကလည်း လှပလွန်းတဲ့ ကိုယ်ခန္ဓာကြောင့် ပုရိသတွေအသည်းစွဲလေး ဖြစ်နေရပါတယ်။

၃။ ဂျီဂျီနဲ့ ဘယ်လာ ဟက်ဒီး

sisterhadid.jpg 

လက်ရှိမော်ဒယ်လောကမှာ အဟော့ဆုံးညီအစ်မပေါ့။ သူတို့နှစ်ကလည်း အသက်ငယ်ငယ်ပဲ ရှိကြပါသေးတယ်။ ဂျီဂျီဟက်ဒီးက အသက် ၂၁ နှစ်၊ ဘယ်လာဟက်ဒီးက အသက် ၂၀ ပါ။ ဂျီဂျီဟက်ဒီးရဲ့ ချစ်စရာကောင်းတဲ့ ပြစ်မျိုးမှဲ့မထင်မျက်နှာလေးဟာ ကမ္ဘာကျော်အမှတ်တံဆိပ်အတော်များများရဲ့ ကြော်ငြာတွေမှာ တွေ့ခဲ့ဖူးကြမှာပါ။ ဘယ်လာကတော့ ၂၀၁၆ ခုနှစ်မှာမှ တစ်ဟုန်ထိုး နာမည်ကျော်လာပြီး ခုနောက်ပိုင်းမှာ ခပ်ဟော့ဟော့မော်ဒယ်လေးအဖြစ်နဲ့ လူသိများလာပါတယ်။ နှစ်ယောက်လုံးက Victoria's Secret ရဲ့ မော်ဒယ်တွေဆိုတော့ တော်ရုံကျော်ကြားလှပတာမဟုတ်ဘူးဆိုတာ အသေအချာပါပဲနော်။

၄။ ဒတ်ကိုတာနဲ့ အဲလ်ဖန်နင်း

sisterfanning-e1487713941879.jpg 

ကော်ပတ်ရုပ်လေးတွေလို ချစ်စရာကောင်းလွန်းတဲ့ သရုပ်ဆောင်ညီအစ်မနှစ်ဦးပါ။ အသက် ၂၃ နှစ်အရွယ် အစ်မဖြစ်တဲ့ ဒတ်ကိုတာဖန်နင်းဟာ ငယ်စဉ်ကတည်းက ပရိသတ်အချစ်တော် ကလေးသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ Man on Fire, War of the Worlds နဲ့ I am Sam ဇာတ်ကားတွေနဲ့အတူ ပရိသတ်ရဲ့အသည်းအိမ်ကို ဖမ်းဆုပ်ခဲ့သူပါ။ ၁၈ နှစ်အရွယ် အဲလ်ဖန်နင်းလေးကတော့ Maleficent, The Neon Demon စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ပြီး လူကြိုက်များခဲ့ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေ ထပ်ထွက်လာဖို့ရှိပါသေးတယ်။

၅။ ဟေလီနဲ့ ဟီလာရီ ဒပ်ဖ်

duff.jpg 

ဟေလီက အသက် ၃၂ နှစ်၊ ဟီလာရီက အသက် ၃၀ ဆိုပေမဲ့ မနှစ်တုန်းက သူတို့ညီအစ်မရဲ့ ဆက်ဆီဆယ်လ်ဖီက ဟိုးလေးတကျော် ဖြစ်ခဲ့သေးတာ။ ဘီကီလေးတွေဝတ်ပြီး လန်းနေကြတာလေ။ နှစ်ယောက်လုံးက သရုပ်ဆောင်တွေဖြစ်ပါတယ်။ ဒစ္စနေဇာတ်လမ်းတွေမှာ သူတို့နှစ်ယောက်လုံး ပါဝင်ခဲ့ကြတာပေါ့။

Source : The Richest

Share

Loading Next Article...
က္က