In partnership with  logo
ပြန်ရောင်းရင်ရောင်း၊ မဟုတ်လည်း သူများကိုလက်ဆင့်ကမ်းပေးလိုက်တော့လေ။

ဗီရိုထဲမှာတော့ အဝတ်တွေအပြည့်ပဲ သွားစရာရှိလို့ ဝတ်တော့မှ ဟိုဟာဝတ်မရ၊ ဒီဟာဝတ်မရနဲ့ အချိန်တွေကြာကုန်ရော။ အဲ့ဒီပြဿနာကို မိန်းကလေးတွေပဲသိမယ်။ ကိုယ်တွေက အဝတ်ရွေးနေလို့ ကြာတာမဟုတ်ဘူး။ ဝတ်ကြည့်ပြီးမှ အဆင်မပြေလို့ ချွတ်လိုက်၊ လဲလိုက် လုပ်နေရတာ။ အချိန်ကုန်တာပေါ့။

၁။ သတို့သမီးအရံဝတ်စုံ

80532-14516520_1859210624309232_6160370087102838329_n.jpg.jpg 

အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ခဲ့တုန်းက ဝတ်စုံရော၊ ဆွေမျိုးထဲက မင်္ဂလာဆောင်မှာ ပန်းကြဲပေးတုန်းက ဝတ်စုံရော ဗီရိုထဲမှာ ခေါက်လျက်သားလေး သိမ်းထားတုန်းပဲလား။ နောက်တစ်ကြိမ်ထပ်ဝတ်လို့မရတဲ့ ဝတ်စုံတွေနော်။ ပွဲတက်ဝတ်စုံတွေက တစ်စုံဆို ဆိုသလောက် လူတွေမျက်လုံးထဲစွဲကျန်နေမယ့်အပြင် ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေမှာလည်း ကျန်နေမှာဆိုတော့ နောက်တစ်ပွဲမှာပါ ထပ်ဝတ်မယ်ဆို ဂွမ်းပြီပေါ့။ နှမျောလို့သိမ်းထားရင် ခေါက်ရိုးရာနဲ့ ဆွေးသွားဖို့ပဲရှိမယ်။ ပြန်ရောင်းရင်ရောင်း၊ မဟုတ်လည်း သူများကိုလက်ဆင့်ကမ်းပေးလိုက်တော့လေ။

၂။ ချက်ပြုတ်ဂျင်း

Super-2016-Vintage-Low-rise-Women-Skinny-Jeans-wide-leg-womens-flare-jeans-femme-stretch-calsa.jpg 

ဟိုးအရင်တုန်းကတော့ ချက်ပြုတ်ဂျင်းဘောင်းဘီတွေက ခေတ်စားခဲ့တာပဲ။ ဝတ်ရင်လည်း အတော်လေးမိုက်တယ်။ လူတိုင်းနဲ့လည်းမလိုက်ဘူး။ ခုချိန်မှာ ချက်ပြုတ်ဂျင်းဘောင်းဘီတွေက ဝတ်တဲ့လူရှားသွားပါပြီ။ Trending မဖြစ်တော့ဘူး။

၃။ အဖော်မဲ့ခြေအိတ်တွေ

img_3263-photo-c2a9-liesl-clark.jpg 

အသားကပ်ခြေအိတ်တွေရော၊ ရိုးရိုးခြေအိတ်တွေရော အတူတူပဲ။ တစ်ဖက်က ဘယ်ပျောက်သွားမှန်းမသိတဲ့ အဖော်မဲ့ခြေအိတ်တွေ sis တို့ဆီမှာ ရှိလား။ ကျန်တဲ့တစ်ဖက် ပြန်ရှာမတွေ့တော့ဘူးဆို နောက်တစ်ဖက်ကိုလည်း ဗီရိုထဲ သိမ်းမထားတော့တာကောင်းတယ်။ အချိန်မရလို့ လောလော လောလောနဲ့ ကောက်စွပ်ပြီးမှ ဆင်တစ်ဖက်၊ မြင်းတစ်ဖက် တလွဲကြီးဖြစ်တတ်တယ် လျှပ်ပြာလျှပ်ပြာ ညီမလေးတို့ရေ .....

၄။ မတော်တော့တဲ့ဝတ်စုံများ

clothes13.jpg 

တစ်ချိန်ချိန်မှာ ပြန်ဝတ်လို့ရနိုးနိုးနဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဝတ်တွေကို သိမ်းထားတာကတော့ မမတို့ဖြစ်လိမ့်မယ်နော်။ မမတို့ရေ အသက် ၃၀ ကျော်လာပြီဆိုရင်၊ ကလေးမွေးပြီးပြီဆိုရင် ဝိတ်က ထိန်းဖို့ခက်လာပြီ။ အပျိုဘဝတုန်းက အဝတ်လေးတွေကို ဗီရိုထဲမှာသိမ်းထားလို့ကတော့ အလှကြည့်လို့ပဲရမယ်။

၅။ စီးလို့မရတဲ့ဖိနပ်

landscape-1435052048-woman-foot-pain.jpg 

ဖိနပ်လေးကြိုက်လို့ ဝယ်လိုက်မိတယ်။ တကယ်တမ်းစီးကြည့်တော့ အဆင်မပြေဘူး။ ချောင်တာ၊ ကြပ်တာက ပြင်လို့မရတဲ့ အနေအထားလောက် ဖြစ်နေတယ်။ ဒီလိုဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ ဝဲလ်ပလိုက်ရုံပဲရှိမယ်။ စီးလို့မှမရတဲ့ဥစ္စာ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က