In partnership with  logo
လေဆာနဲ့ ချိုင်းမွှေးဖယ်ရှားမယ်စိတ်ကူးထားရင် ဒါလေးကို ဖတ်ကြည့်စေချင်တယ်နော်။

ခန္ဓာကိုယ်က မလိုချင်တဲ့ အမွေးအမှင်တွေကို ဖယ်ရှားရှင်းလင်းတဲ့ နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ရိတ်တာ၊ နှုတ်တာ၊ waxing နဲ့ လေဆာနည်းပညာသုံးပြီး ဖယ်ရှားတဲ့နည်းတွေရှိပါတယ်။ နည်းတွေအလိုက် ကောင်းကျိုးဆိုးကျိုးတွေကတော့ ရှိစမြဲပါပဲ။ ရိတ်ရင် ပြန်ပေါက်တာမြန်တယ်၊ waxing လုပ်ရင် (ပထမဆုံးအကြိမ်တွေမှာ) မျက်ရည်ကျလောက်အောင် နာရပါတယ်။ လေဆာသုံးပြီး ဖယ်ရှားတဲ့နည်းကတော့ ပြန်ပေါက်တာလည်း အရမ်းကိုနှေးလို့ မဒီတို့က ရွေးချယ်ချင်ကြမှာပါ။

 

အမွေးဖယ်ရှားတဲ့နည်းတွေထဲမှာ လေဆာသုံးပြီး ဖယ်ရှားတဲ့နည်းကတော့ ငွေကုန်ကျေးကြ အများဆုံးပဲ။ သိန်းနဲ့ချီ ပေးရလေ့ရှိပါတယ်။ သူ့မှာလည်း ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိတာကြောင့် လေဆာနဲ့ ချိုင်းမွှေးဖယ်ရှားမယ်စိတ်ကူးထားရင် ဒါလေးကို ဖတ်ကြည့်စေချင်တယ်နော်။

 

ကောင်းကျိုးတွေ

အမွှေးထွက်နှုန်း သိသိသာသာ လျော့ကျသွားပါတယ်။ မွှေးညှင်းပေါက်လေးတွေထဲထိအောင် လေဆာသုံးပြီး ရောင်ခြည်ပစ္စည်းထည့်လိုက်တဲ့နည်းကိုသုံးလိုက်တာပါ။ လေဆာနည်းနဲ့ အမွေးဖယ်ရှားတာ ၃/၄ ကြိမ်လောက် လုပ်ပြီးရင် အမွှေးက လုံးဝကို ပြန်ထွက်မလာတော့ပါဘူး။ ချိုင်းမွှေးတင်မကဘူး တခြား အမွှေးတွေကိုလည်း လေဆာနည်းနဲ့ ဖယ်ရှားနိုင်ပါတယ်။ ခြေသလုံးမွှေး၊ မျက်နှာပေါ်ကအမွှေး စသဖြင့် ကိုယ်ဖယ်ရှားလိုတဲ့ အမွှေးတွေကို ဖယ်လို့ရတယ်။ Waxing လုပ်သလောက်လည်း မနာဘူး။ အမွှေးဖယ်ရှားတော့မယ်ဆိုရင် အရင်ဆုံး ရေခဲလေးနဲ့ ထုံသွားအောင်ကပ်ပေးပြီးမှ ဖယ်လေ့ရှိတာမို့ နာတာကို သိပ်ပြီးတော့တောင်

မခံစားရပါဘူး။

 

မကောင်းတဲ့အချက်တွေ

ပထမဆုံးကတော့ ဈေးနှုန်းကိုပဲ ပြောရမယ်။ ဈေးကြီးပါတယ်။ အနည်းဆုံးတော့ ၃ ကြိမ်လောက်လုပ်မှ အမွေးက ပြန်မထွက်မှာဆိုတော့ ၅ သိန်းလောက်တော့ ကုန်မှာပါပဲ။ လေဆာပစ်တဲ့အခါ ရောင်ခြယ်ပစ္စည်းကို သုံးရတယ်။ အဲ့ဒီရောင်ခြယ်ပစ္စည်းကြောင့် အသားအရေ မဲသွားတာ၊ ကွက်သွားတာလည်း ကြုံရလေ့ရှိတယ်။ အသားဖြူပြီး၊ ချိုင်းမွှေးမည်းသူတွေနဲ့သာ အဆင်ပြေဆုံးပါ။ အသားညိုတယ်ဆိုရင် ပိုမည်းသွားနိုင်တယ်။ အသားညိုသူတွေ၊ အသားမည်းသူတွေနဲ့ လုံးဝအဆင်မပြေတာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတာကိုသာ ပြောပြတာမို့ ကိုယ့်ကိုပြုလုပ်ပေးမယ့် အလှအပပေးရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်။ တကယ်လုပ်တော့မယ်ဆိုရင်လည်း ချက်ချင်းလုပ်လိုက်လို့မရဘူး။ လေဆာနဲ့ အမွေးဖယ်မယ်ဆိုရင် မလုပ်ခင် ၆ ပတ်အလိုတည်းက အမွှေးနှုတ်တာ၊ waxing လုပ်တာတွေကို ကြိုရှောင်ထားရပါတယ်။ အမွေးရှည်နေရင် ကပ်ကြေးလေးနဲ့ညှပ်ပေးလို့ပဲရမယ်။ လုပ်ပြီးသွားရင်လည်း ၆ ပတ်လောက် နေရောင်နဲ့ ထိတွေ့လို့မရပါဘူး။ ဒါမှ အာနိသင်ထိရောက်မှာပါ။

Source : Self, Webmd

Share

Loading Next Article...
က္က