In partnership with  logo
အိပ်ရာထဲကို ခွေးလေးတွေ၊ ကြောင်လေးတွေ ခေါ်ပြီး သိပ်လေ့ရှိကြလား

မဒီလေးတို့ထဲမှာ ကြောင်လေး၊ ခွေးလေးတွေကို ချစ်တတ်သူတွေ အများကြီးရှိမယ်လို့ ထင်ပါရဲ့။ အိမ်မွေးတိရစ္ဆာန်လေးတွေကို အိပ်ခန်းထဲခေါ်သိပ်ရင် ကောင်းကောင်းအိပ်ပျော်ဖို့ အထောက်အကူဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်က Mayo Clinic က သုတေသီတွေဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ကုသမှုခံယူနေသူ အယောက် ၁၅၀ ထံကနေ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့တာပါ။ ဖြေဆိုသူတွေဟာ သူတို့ရဲ့ အိပ်စက်မှုအလေ့အထတွေ၊ သူတို့မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးရဲ့ အလေ့အထနဲ့ အိပ်စက်တဲ့နေရာ၊ တိရစ္ဆာန်လေးကြောင့် အိပ်စက်မှုအပေါ် သက်ရောက်ပုံတို့ကို ဖြေပေးခဲ့ကြပါတယ်။

 

ဖြေဆိုသူ ၅၆ % ကတော့ သူတို့ရဲ့အိပ်ခန်းထဲမှာ ခွေး သို့မဟုတ် ကြောင်လေးကို ထည့်ထားပြီး သိပ်ကြသူတွေပါ။ အဲ့ဒီထဲကမှ ၂၀ % ဟာ တိရစ္ဆာန်လေးကို အခန်းထဲထားလို့ အိပ်ရေးပျက်ရတယ်၊ အနှောင့်အယှက်ဖြစ်ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၄၁ % ကတော့ အိပ်ခန်းထဲကို ခွေး သို့မဟုတ် ကြောင်လေးထည့်ထားတာကြောင့် အိပ်စက်မှုကို တကယ်အထောက်အကူဖြစ်ပြီး ကောင်းကောင်းအိပ်ပျော်တယ်လို့ ဖြေကြပါတယ်။

 

မဒီလေးတို့ရော အိပ်ရာထဲကို ခွေးလေးတွေ၊ ကြောင်လေးတွေ ခေါ်ပြီး သိပ်လေ့ရှိကြလားဟင်။ သူတို့လေးတွေကိုယ်က အမွှေးကျွတ်တာတွေနဲ့ ရောဂါပိုးတွေ ကူးစက်နိုင်ခြေလည်း ရှိတာမို့လို့ သန့်ရှင်းရေးကိုလည်း ဦးစားပေးစဉ်းစားဖို့ တိုက်တွန်းလိုက်တယ်နော်။

Source : MNN

Share

Loading Next Article...
က္က