In partnership with  logo
အပြင်မထွက်ဘဲ အွန်လိုင်းကနေ တစ်ခုပြီးတစ်ခု မှာနေတာ....

မိန်းကလေးတွေရဲ့ ဝါသနာထဲမှာ ရှော့ပင် (shopping) ထွက်တာလည်း တစ်ခုအပါအဝင်ပဲနော်။ တစ်ခါတစ်လေမှ ရှော့ပင်ထွက်သူတွေလည်းရှိသလို ခဏခဏ ရှော့ပင်ထွက်ကြသူတွေလည်းရှိတယ်။ ခုခေတ်ရှော့ပင်ထွက်တာက အပြင်ထွက်မှမဟုတ်ဘူး အွန်လိုင်းကနေလည်း တစ်ခုပြီးတစ်ခု လိုက်ဝယ်နေမိတာလည်း အွန်လိုင်းရှော့ပင်ပဲပေါ့။

 

ဆစ်ဒနေက ဘဏ္ဍာရေးဆိုင်ရာဂုရုကြီး Canna Campbell ကတော့ ရှော့ပင်ထွက်ရတာ (ဈေးဝယ်ရတာ) ဝါသနာပါသူတွေရဲ့ အလေ့အကျင့်၊ အပြုအမူလေးတွေကို ထောက်ပြခဲ့ပါတယ်။ ဈေးဝယ်လွန်းတာလည်း မကောင်းဘူးနော်။ လှတာမြင်တိုင်း၊ လိုချင်တိုင်းဝယ်ပြီး တကယ်မသုံးဖြစ်တော့ ငွေကုန်တာပေါ့ sis လေးတို့ရဲ့။

 

- ကိုယ်ဝယ်ချင်တာကို မေ့သွားတယ်။ ဝယ်မယ်စဉ်းစားထားတာကို ဝယ်မလာဘဲ တခြားပစ္စည်းတွေဝယ်လာမိတယ်။

- ဝယ်ထားပြီးမှ မဝတ်ဖြစ် မသုံးဖြစ်တဲ့ ပစ္စည်းတွေ ပုံနေပြီလေ။ ဝတ်ဖို့မပြောနဲ့ တံဆိပ်တောင်မဖြုတ်ရသေးဘူး။ နောက်တော့မှ ထက်ဝက်ဈေးနဲ့ ပြန်ရောင်းနေတယ်။ အသစ်ကြီးတွေကို။

- Delivery Servic တွေကတောင် ကိုယ့်ကိုသိနေပြီ။ ဝယ်လွန်းလို့လေ။

- အပြင်သွားရမယ်ဆို ဘာဝတ်ရမှန်းမသိဘူးဖြစ်နေတယ်။ ဗီရိုထဲမှာတော့ အဝတ်တွေအပြည့်ပဲ။

- မနက်မိုးလင်းလို့ ဘာမှမလုပ်ရသေးဘူး ဖုန်းပွတ်ရင်း တွေ့မိလို့ သဘောကျတာနဲ့ ဝယ်ပစ်လိုက်တယ်။

- ဒစ်စကောင့်ချမယ်ဆိုလို့ ညသန်းခေါင်ကျော်ထိ မအိပ်ဘဲနဲ့ ထိုင်စောင့်ဝယ်တယ်။

 

ကဲ.... အခုပြောထားတဲ့ အချက်တွေထဲက တစ်ဝက်လောက်နဲ့ ညီနေပြီဆိုရင်တောင် ဈေးဝယ်ထွက်ရတာ ဝါသနာပါသူလေး ဖြစ်နေပြီရှင့်။ ဝယ်ချင်တာဝယ်ပြီးမှ လကုန်ခါနီး သုံးစရာပိုက်ဆံပြတ်သွားတဲ့အဖြစ်မျိုးတွေဟာ ရှော့ပင်ဝါသနာပါသူလေးတွေ အမြဲကြုံရတတ်ပါတယ်။ ပြန်ချင့်ချိန်ပါဦးလို့ မဒီက အကြံပြုပါရစေနော်။

Source : Mail Online


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က