In partnership with  logo
သူများတွေ ပြောသမျှ ကြေကွဲခံစားနေရင် ဘယ်တော့မှ မပျော်ရဘူးမှတ်။

အမြဲတမ်း စိတ်ညစ်နေရတယ်ဆိုတာ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ကြောင့်ရော မဖြစ်နိုင်ဘူးလား။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင် ဖန်တီးရယူလို့ရပါတယ် မဒီလေးတို့ရဲ့။ ဘာကြောင့်မပျော်နိုင်ရတာလဲ။ ပျော်ရွှင်ချင်တယ်ဟုတ်....?

 

၁။ အတင်းအဖျင်းတွေ နားမထောင်ပါနဲ့

သူများအကြောင်း အတင်းအဖျင်းတွေလည်း နားမထောင်နဲ့။ ကိုယ်လည်း မပြောနဲ့။ ဒါဆိုရင် ပြဿနာတွေလည်း နည်းသွားမယ်လေ။ ကိုယ့်အကြောင်း သူများတွေ ဘာပြောပြော ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေလိုက်ပါလို့ အကြံပေးချင်တယ်။ သူများတွေ ပြောသမျှ ကြေကွဲခံစားနေရင် ဘယ်တော့မှ မပျော်ရဘူးမှတ်။

၂။ ကိုယ့်ဘဝကို ကိုယ်ပဲတည်ဆောက်

အမှီအခိုကင်းတဲ့ဘဝက အကောင်းဆုံးပါပဲ sis တို့ရယ်။ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို ကိုယ့်ခွန်အားနဲ့ကိုယ် ရလာတဲ့ အောင်မြင်မှုက အချိုမြိန်ဆုံးပါ။ သူများကို အားကိုးနေတဲ့ဘဝကလည်း ဝမ်းနည်းစရာကောင်းတယ်။

 

၃။ ဘယ်အခြေအနေပဲရောက်ရောက် ကောင်းတဲ့အရာကိုကြည့်တတ်ပါစေ

အရာအားလုံးက ဆိုးရွားနေတာတော့မဟုတ်ပါဘူးနော်။ အသည်းကွဲနေတဲ့အချိန်တွေမှာဆိုလည်း ကိုယ်က ဒါပဲစိတ်ထဲရှိနေလို့သာ ဝမ်းနည်းနေတာ။ ကိုယ့်ကိုချစ်တဲ့လူတွေ အများကြီးပဲဆိုတာ မြင်ကြည့်စေချင်တယ်။

၄။ များများရယ်

ငိုတာထက်စာရင် ရယ်တာက ကောင်းတာပေါ့။ ရယ်စရာတွေကို ရှာကြည့်လိုက်ပါဦး။ စိတ်ညစ်နေချိန်မှာဆိုလည်း လွမ်းရဆွေးရမယ့်ဇာတ်ကားတွေ မကြည့်မိအောင်နေ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ ညီမလေးတို့ရေ။

၅။ ပြီးတာပြီးပါစေ

Stylish-Girl-Best-Full-Hd-Photos.jpg 

မဒီတို့ အများဆုံးဖြစ်နေကြတာက အတိတ်ကိုဖက်တွယ်ပြီး ပူဆွေးနေတာ။ ပြီးသွားတဲ့အရာတစ်ခု၊ ပြန်လည်းကောင်းမလာတော့ဘူး။ ဒါကိုပဲ ကိုယ့်မှာ မပြီးနိုင်မစီးနိုင် ကြေကွဲနေတာ အချိန်တွေ မနှမျောဘူးလားဟင်။ ပြီးတာတွေ ပြီးပါစေတော့နော်။ ပိုပြီး ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ရချင်ရင် အချိန်အကြာကြီး ပူဆွေးဝမ်းနည်းမနေဖို့တော့လိုတယ်။

Share

Loading Next Article...
က္က