In partnership with  logo
ခရီးရှည်လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို လုံးဝမလုပ်သင့်ဘူး။

စီးလို့အကောင်းဆုံးဖိနပ်ကို ပြပါဆိုရင် ခြေညှပ်ဖိနပ်ပါးလေးတွေကိုပဲ ပြမိမှာ။ ဟုတ်တယ်လေ... စီးလို့လွယ်၊ ချွတ်လို့လွယ်တယ်။ စီးရတာလည်း သက်တောင့်သက်သာအရမ်းရှိတာကိုး။ ဒါပေမဲ့ ခြေညှပ်ဖိနပ်ပါးတွေကိုချည်း တောက်လျှောက်စီးနေရင်တော့ ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေမှာအမှန်ပဲ။


 

ခြေညှပ်ဖိနပ်ပါးတွေကို စီးခြင်းဟာ ခြေထောက်ကို အထောက်အကူ မဖြစ်စေပါဘူး။ နောက်ကျောနဲ့ခါးတွေကိုလည်း နာကျင်စေပါတယ်။ ညို့သကျည်းနာကျင်ခြင်းလည်း ခံစားရပါတယ်။ ခြေဖနောင့်ကြောရွတ်ကို နာကျင်စေတာကတော့ အဆိုးဆုံးပါပဲ။

 

ဒါတင်မကသေးဘူး။ ခြေညှပ်ဖိနပ်ပါးကိုစီးပြီး ခရီးရှည်လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို လုံးဝမလုပ်သင့်ကြောင်း မြောက်ကယ်ရိုလိုင်းနားရှိ Wake Forest Baptist Medical Center မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ကယ်မီလာလောင်းက အကြံပေးထားပါတယ်။

Source : Mirror


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က