In partnership with  logo
အဆီပြန်တာလည်း စိတ်ညစ်စရာ၊ အသားခြောက်တာလည်း စိတ်ညစ်ရတာပဲ။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက်ပဲ ရေးနေတာလားလို့ မေးမေးနေကြလို့နော်။ အသားခြောက်တဲ့ sis လေးတွေအတွက် မိတ်ကပ်လိမ်းခြယ်တဲ့အခါ အဆင်ပြေစေမယ့် နည်းတွေကိုလည်း ပြောပြရဦးမယ်။

၁။ Moisturiser + Foundation

lakmé-foundation-and-the-moisturiser.jpg 

အသားခြောက်တယ်ဆိုရင် Moisturiser ကို မဖြစ်မနေ လိမ်းကိုလိမ်းရပါမယ်။ ပိုအဆင်ပြေသွားအောင်ကျတော့ Moisturiser နဲ့ ဖောင်ဒေးရှင်းအရည်ကို ရောပြီး လိမ်းပေးရင် မျက်နှာမှာ မိတ်ကပ်တွေ ခဲနေတာ မဖြစ်တော့ဘူး။

၂။ Primer + Blush

lakmé-primer-and-shimmer-bric_1.jpg 

Primer သုံးတယ်ဆိုရင် အဆီပြန်တဲ့လူတွေပဲ သုံးရမယ်လို့ ထင်ကြတယ်။ တကယ်က Primer ဆိုတာ မိတ်ကပ်ပိုစွဲအောင် မိတ်ကပ်အောက်ခံအနေနဲ့လိမ်းရတာ။ ပြီးရင် Blush လေးနဲ့ မျက်နှာအရောင်လေးကို တင်ပေးဖို့လိုတယ်။ အသားခြောက်တဲ့အခါ မိတ်ကပ်က သိပ်မပေါ်တတ်ဘူး။ Blush လေး သုံးလိုက်တော့ လင်းသွားမှာ။

၃။ Petroleum jelly + Mascara

vaseline-petroleum-jelly-and-lakmé-mascara_0.jpg 

Petroleum jelly လို့ ပြောရင် မဒီကတော့ Vaseline ကိုပဲ မြင်မိတယ်။ အသားပပ်တာတွေလည်း သက်သာစေတယ်လေ။ တချို့ပျိုမေလေးတွေ အသားခြောက်ပုံက လက်လန်တယ်။ မျက်တောင်တွေကအစ မွဲခြောက်ပြီး ကျိုးတို့ကျဲတဲနဲ့လေ။ ဒီလိုဆိုရင် vaseline လေးကို မျက်တောင်ပေါ်မှာ အရင်လိမ်းပေးပြီးမှ မျက်တောင်ကော့ဆေးသုံးပါ။ မျက်တောင်ပိုထူသွားတယ်။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ရေစိုခံမျက်တောင်ကော့ဆေး သုံးနေသူတွေ သတိထားရမယ့်အရာ (၃) ခု

၄။ Lip Balm + Matte Lipstick

vaseline-moisture-and-lakmé-lipstick_1.jpg 

Matte ဆိုမှ matte နှုတ်ခမ်းနီဆိုရင် matte type ပဲ သုံးချင်တယ်။ နှုတ်ခမ်းသားတွေကလည်း ခြောက်လွန်းလို့ အဖတ်တွေကွာနေတော့ Matte နှုတ်ခမ်းနီတွေ မဆိုးနိုင်ဘူးမို့လား။ Lip Balm လေးကို နှုတ်ခမ်းသားလေးပေါ် အရင်လူးထားပြီး ၁၀ မိနစ်လောက်ကြာမှ matte နှုတ်ခမ်းနီ ဆိုးပေးမယ်ဆို အိုကေသွားပါလိမ့်မယ် ညီမလေးတို့၊ မမတို့ရေ။

Source : Be Beauty

ဆက်စပ်ဖတ်ရှုချင်စရာ ---> Matt နှုတ်ခမ်းနီကြိုက်သူတိုင်း သိထားရမယ့်အရာလေးတွေ

Share

Loading Next Article...
က္က