In partnership with  logo
တကယ်ချစ်တဲ့လူဆိုတာ ကိုယ့်ကို အလျှော့ပေးရမယ်၊ အလိုလိုက်ရမယ်လို့ပဲ ထင်နေမိရင် မှားမှာပဲ။

တကယ်ချစ်တဲ့လူဆိုရင် အစချီထားတဲ့ ဖေ့စ်ဘုတ်ပေါ်က ပို့စ်တွေကို ဖတ်ပြီးတိုင်း စိတ်ကူးယဉ်နေမိတယ်ဆိုရင်တော့ သိပ်ကိုမှားသွားလိမ့်မယ်နော်။ ဘယ်သူတွေကရော အဲ့ဒီအချက်တွေနဲ့ ရာနှုန်းပြည့် ကိုက်ညီမှာတဲ့လဲ။ လူတစ်ယောက်ကို တကယ့်အချစ်နဲ့ ချစ်မိပြီဆိုရင်ဖြင့် ကြိုတင်စိတ်ကူးထားတာတွေနဲ့ တော်တော်ကြီးကို ကွဲပြားနေတတ်ပါတယ်။

၁။ မြင်မြင်ချင်းချစ်

04-secrets-of-happily-married-couples-honesty.jpg 

ကိုယ့်ရဲ့ဖူးစာရှင်ဟာ အတိတ်ဘဝတည်းကရေစက်ပါလို့ မြင်မြင်ချင်း သဘောကျတယ်တို့ ဘာတို့ပေါ့နော်။ စိတ်ကူးထဲမှာပြောပါတယ်။ တကယ်တမ်းကျတော့ ရန်ဖြစ်ပြီးမှ ချစ်သွားတာတွေ၊ ခင်မင်ရင်းနှီးပြီးမှ သူငယ်ချင်းအဆင့်ကနေ တက်သွားတဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည်ဘဝတွေ တပုံကြီးပဲ။ ရိုမန့်တစ်ဆန်ဖို့ထက် စစ်မှန်တဲ့စိတ်ထားလေးတွေ ရှိနေဖို့ပဲလိုတာပါ ညီမလေးတို့ရေ။

၂။ ဝါသနာတူ

ကိုယ်က စာဖတ်ဝါသနာပါတယ်၊ ကိုယ့်ချစ်သူကလည်း စာဖတ်ဝါသနာပါသူ ဖြစ်ရမယ်လို့လည်း မျှော်လင့်ချက်တွေ မထားပါနဲ့။ ကိုယ်နဲ့ ဝါသနာမတူရုံမက ဆန့်ကျင်ဘက်ဖြစ်နေသူနဲ့လည်း ချစ်သူဖြစ်ရင် ဖြစ်သွားနိုင်တယ်။

၃။ တကယ်ချစ်ရင် ရန်မဖြစ်ဘူး

angry-upset-couple-stock-today-150722-tease_e5a7724f858728ecd9409155de658d62.jpg 

လွဲတာမှ အကြီးကြီးလွဲတာနော်။ တကယ်ချစ်တဲ့လူဆိုတာ ကိုယ့်ကို အလျှော့ပေးရမယ်၊ အလိုလိုက်ရမယ်လို့ပဲ ထင်နေမိရင် မှားမှာပဲ။ ဘယ်လောက်ချစ်တဲ့စုံတွဲပဲဖြစ်ဖြစ် စကားများနိုင်တယ်၊ ရန်ဖြစ်နိုင်တယ်။ ဒါကို မမေ့သင့်ဘူး။ ရန်ဖြစ်တဲ့အချိန်မှာသာ တစ်ယောက်ကိုတစ်ယောက် နစ်နာအောင်၊ ထိခိုက်အောင် မလုပ်ကြဖို့ပဲ သတိထားပါလို့ အကြံပေးပါရစေ။

၄။ နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းကိုလည်း ချစ်ကြတယ်

ကိုယ်က သူ့ကိုချစ်သလို သူနဲ့ပတ်သက်တဲ့ ဆွေမျိုးအသိုင်းအဝိုင်း အားလုံးကိုချစ်တယ်။ သူကလည်း ကိုယ့်ဘက်က သူငယ်ချင်း၊ ဆွေမျိုး အားလုံးနဲ့ ရင်းရင်းနှီးနှီးပေါင်းနိုင်တယ်။ ဟုတ်ကဲ့... စိတ်မကောင်းပါဘူးနော်။ ဒီအဖြစ်မျိုးဟာ မရှိသလောက်ကို ရှားပါတယ်။ အဆင်ပြေအောင်ပဲ နေနေပေးကြတာပါ။ စိတ်ထဲက မချစ်ပေမဲ့ ကိုယ့်ချစ်သူအကြိုက် သည်းခံနေပေးရုံပါပဲဆိုတာ သိစေချင်တယ်။

၅။ မခွဲအတူ

05-cheating-signs-cell-phone.jpg 

သူသွားတဲ့နောက် တကောက်ကောက်လိုက်မယ်၊ ဘယ်တော့မှမခွဲဘူးလို့ ဆုံးဖြတ်မထားပါနဲ့။ ဘဝရှေ့ရေးအတွက် ကိုယ်စီ ကြိုးစားနေချိန်မှာ အတူတူရှိနေဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါကို တကယ်ချစ်ကြတဲ့ ချစ်သူတွေကပဲ နားလည်နိုင်လိမ့်မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က