In partnership with  logo
နေ့တိုင်း သန့်ရှင်းရေးလုပ်နေလို့တော့မဟုတ်ဘူး။

အိမ်တစ်အိမ်ကို အလည်ရောက်လို့ သပ်ရပ်သန့်ရှင်းနေတာကိုမြင်ရင် ဘယ်လိုသဘောကျမှန်းကိုမသိဘူး။ သန့်ရှင်းနေတဲ့အိမ်လေးက စိတ်ကိုလည်း သက်တောင့်သက်သာ ဖြစ်စေသလိုပဲ။ ဖုန်တွေလည်းမရှိ၊ ညစ်ပတ်ပေကျံနေတာတွေလည်း မရှိတဲ့ သန့်ရှင်းတဲ့အိမ်တွေကိုရောက်သွားတိုင်း ကိုယ်လည်း အိမ်လေးကို သန့်ရှင်းအောင်ထားချင်စိတ်တွေ ပေါ်လာမိတယ်။ သူတို့တွေ ဘယ်လိုများ အိမ်ကို အမြဲတမ်းသန့်ရှင်းအောင် ထားကြပါလိမ့်..???

၁။ သပ်ရပ်တာနဲ့ သန့်ရှင်းတာ မတူဘူး

n-STYLISH-BEDROOM-628x314.jpg 

ကြမ်းတိုက်ထားတယ်၊ ပရိဘောဂတွေနဲ့ ကော်ဇောတွေမှာလည်း ဖုန်တစ်စက်မရှိဘူး။ ရေချိုးခန်းဆိုလည်း ပြောင်လက်နေတာ။ ဒါပေမဲ့ ကုတင်ပေါ်မှာ အဝတ်တွေကလည်းပုံလို့၊ စာအုပ်တွေဆိုလည်း ပြန့်ကျဲနေတာဆိုရင် ကြည့်မကောင်းဘူးလေ။ သန့်ရှင်းပေမဲ့ မသပ်ရပ်ဘူးပေါ့။ သပ်သပ်ရပ်ရပ်လေး ထားနိုင်မယ်ဆိုရင် နည်းနည်းလောက် ပေရေနေတာ မသိသာပါဘူး။ ပစ္စည်းတွေကို နေရာတကျ စီထားပါ။

၂။ နေ့တိုင်းသိမ်းဆည်းတယ်

 

သန့်ရှင်းရေးကို နေ့တိုင်းလုပ်ဖို့က ခက်ပါတယ်။ ကြမ်းတိုက်၊ ဖုန်သုတ် စတာတွေကို နေ့တိုင်းတော့ ဘယ်လုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ပစ္စည်းတွေအားလုံးကိုတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင် စီရီသိမ်းဆည်းရပါတယ်။

၃။ ချက်ခြင်းရှင်းတယ်

landscape-1435163179-window-cleaning-sunny.jpg 

ဆိုကြပါစို့  ကြမ်းပြင်ပေါ်မှာ မုန့်စားတယ်။ ပြီးတာနဲ့ ချက်ခြင်း ကြမ်းကိုပြန်သုတ်တယ်၊ တံမြက်စည်းလှည်းတယ်ပေါ့။ စားပြီးရင်လည်း ပန်းကန်တွေကို နောက်နေ့ထိမထားဘူး၊ ဆေးလိုက်တာပဲ။ အဲ့လိုလေးတွေ အကျင့်လုပ်ထားရင် သန့်ရှင်းရေးလုပ်ရတာ မပင်ပန်းတော့ဘူး။ တကူးတက အချိန်ပေးနေရတာမဟုတ်တော့လေ။

Source : Huffpost

Share

Loading Next Article...
က္က