In partnership with  logo
တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေးရင်ရပြီ။

မဒီတို့ရေ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ဝက်ခြံပေါက်တာပါပဲနော်။ ဝက်ခြံပေါက်ရင် သိပ်စိတ်ညစ်ရတာ။ မြန်မြန်ပျောက်ချင်ရင်တော့ မုန့်ဖုတ်ဆိုဒါကို သုံးကြည့်မလား။

 

မုန့်ဖုတ်ဆိုဒါ (baking soda) လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေ လက်ဖက်စားဇွန်းတစ်ဝက်နဲ့ရောလိုက်ပါ။ ဝက်ခြံပေါက်တဲ့နေရာကို သုတ်ထားလိုက်ပြီး ၁၅ မိနစ်ကြာရင် ရေဆေးလိုက်ရမှာ ဖြစ်ပါတယ်။ တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် ဝက်ခြံမြန်မြန်ပျောက်နိုင်ပါတယ်။

 

ဝက်ခြံပေါက်ပြီး ညိုညစ်သွားတဲ့ အသားအရေကိုလည်း မုန့်ဖုတ်ဆိုဒါနဲ့ပဲ ပြန်ကုစားနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရှားဇောင်းလက်ပပ်အနှစ်နဲ့ ရောမွှေပါ။ မျက်နှာပေါ်မှာ လိမ်းထားပြီးနောက် ခြောက်တဲ့အထိ ထားလိုက်ပါဦး။ ခြောက်သွားရင် ရေဆေးလိုက်လို့ရပါပြီ။

 

နောက်တစ်နည်းရှိသေးတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းစီ ရောပြီး ဝက်ခြံပေါက်တဲ့နေရာပေါ် လိမ်းထားပြီး ၁၅ မိနစ်ကြာရင် ရေဆေးလိုက်ရုံပါပဲ။ ဝက်ခြံတွေကို မြန်မြန်ပျောက်စေပါတယ်။

Share

Loading Next Article...
က္က