In partnership with  logo
အသားမည်းလို့ အားမငယ်နဲ့၊ ကမ္ဘာကျော်မော်ဒယ်တောင် ဖြစ်သွားနိုင်တယ်။

တောင်ဆူဒန်နိုင်ငံသူလေး Nyakim Gatwech ရဲ့ အလှကတော့ တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားလောက်အောင် ကျော်ကြားခဲ့ပါတယ်။ သူမကို အနက်ရောင်ဘုရင်မ (Queen of the Dark)လို့လည်း တင်စားကြပါတယ်။ ညာကင်ကို ဘာလို့ဒီလိုခေါ်ကြသလဲဆိုတာတော့ ပုံတွေကိုကြည့်ရင် သိပါတယ်။

 

အသက် ၂၄ နှစ်အရွယ် ညာကင်ရဲ့ အသားအရေဟာ နက်မှောင်လွန်းတာကြောင့် ထူးထူးခြားခြား လူသိများပြီး မော်ဒယ်ဘဝကို ရောက်လာပါတယ်။ သူမကတော့ ကိုယ့်ကိုယ်ကိုယ် ကျက်သရေရှိတဲ့ချောကလက်အလှလို့ ဆိုလေရဲ့။ ညာကင်ရဲ့ အင်စတာဂရမ်မှာလည်း follower တွေ သိန်းနဲ့ချီ ရှိနေတာ တွေ့ရပါတယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာပါ သူမက နေရာယူထားပြီးပါပြီ။

 

သာမာန်အသားမည်းတာထက်ကို အဆပေါင်းများစွာ ပိုမည်းလွန်းနေတာကြောင့် ညာကင်ရဲ့ငယ်ဘဝဟာ လှောင်ရယ်သံတွေနဲ့ ပြည့်ခဲ့ရပါတယ်။ အသားဖြူသွားအောင် အရောင်ချွတ်လိုက်ရမလားလို့လည်း တွေးမိခဲ့ရှာပါသေးတယ်။ ခုတော့ မထင်မှတ်ဘဲ ညာကင်ရဲ့အလှဟာ တစ်ကမ္ဘာလုံးက ချီးကျူးကြတဲ့အထိ ဖြစ်လာခဲ့ပါပြီ။

 

အသားဖြူအောင်လုပ်ရင် မော်ဒယ်အဖြစ်သုံးပ့ါမယ်လို့ ဘယ်လိုပဲကမ်းလှမ်းပါစေ သူမက ငြင်းဆိုခဲ့ပါတယ်။ အသားအရောင်ပေါ် အခြေမခံဘဲ လှနိုင်တယ်ဆိုတာကိုလည်း ညာကင်က လက်တွေ့ပြသနေတာကြောင့် အသားညိုသူ၊ မည်းသူ မိန်းကလေးတွေအတွက်တော့ သူမက စံနမူနာယူစရာတစ်ဦး ဖြစ်လို့နေပါတယ်။

Source : Met Daan

Share

Loading Next Article...
က္က