In partnership with  logo
ဟုတ်ရဲ့လား.... ပြောကြည့်

လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြစမြဲနော်။ ကိုယ်မွေးဖွားတဲ့ ရာသီခွင်တွေကလည်း ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြောပြနေပါတယ်။ မဒီတို့ကရော ဘယ်ရာသီခွင်မှာမွေးပြီး ဘယ်လိုအားသာချက်လေးတွေရှိသလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

၁။ မိဿ (Aries)

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၂၀) တွေဟာ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေအဖြစ် မွေးဖွားလာကြတာပါ။ အမှီအခိုကင်းပြီး အကောင်းမြင်ဝါဒီသမားတွေဖြစ်ကြတယ်။ ဒါပေမဲ့ ခေါင်းမာပြီး စိတ်မရှည်တာကတော့ အားနည်းချက်ပဲ။

၂။ ပြိဿ (Taurus)

ပြိဿရာသီဖွား (ဧပြီ ၂၁ - မေ ၂၁) တွေကတော့ ငယ်ငယ်လေးတည်းက အကြောတင်း၊ ခေါင်းမာသူတွေ။ အားသာချက်ကတော့ လက်တွေ့ဆန်ပြီး အလုပ်ကြိုးစားတယ်။ အားနည်းချက်အနေနဲ့ စိတ်အလိုလိုက်လွန်းတာဆိုးတယ်။

၃။ မေထုန် (Gemini)

မေထုန်ရာသီဖွား (မေ ၂၂ - ဇွန် ၂၁) တွေက စူးစမ်းလေ့လာလိုစိတ်ရှိကြတယ်။ ညှိနှိုင်းလုပ်ဆောင်တတ်တယ်။ အပေါင်းအသင်းဆံ့တယ်ပေါ့။ အားနည်းချက်ကတော့ အလုပ်လုပ်ရင် လျှပ်ပြာလျှပ်ပြာလုပ်ပြီး ဆုံးဖြတ်ချက်လည်း မပြတ်သားကြဘူး။

၄။ ကရကဋ် (Cancer)

(ဇွန် ၂၂ - ဇူလိုင် ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ကရကဋ်ရာသီဖွားတွေဟာ စာနာသနားစိတ်ရှိသူတွေ၊ မှီခိုအားကိုးလို့ရသူတွေဖြစ်ပါတယ်။ သူတစ်ပါးအပေါ် ကြင်နာတတ်တယ်။ ဒါပေမဲ့ စိတ်တိုလွယ်တယ်၊ အဆိုးတွေချည်းမြင်တတ်တယ်။

၅။ သိဟ် (Leo)

ခင်္သြေ့ရုပ်နဲ့ကိုယ်စားပြုတဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၃) တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး စမတ်ကျသူတွေပါ။ ဒါပေမဲ့ ဘဝမြင့်စိတ်ကြီးဝင်လွန်းပြီး သူများကိုလွှမ်းမိုးချင်ကြတယ်။

 

၆။ ကန် (Virgo)

ကန်ရာသီဖွား (သြဂုတ် ၂၄ - စက်တင်ဘာ ၂၂) တွေရဲ့စိတ်နေသဘောထားက ကိစ္စတစ်ခုခုကို အသေးစိတ် အလွန်အကျွံကို ခွဲခြားစိတ်ဖြာနေစိတ်ရှိကြတယ်။ ပွင့်လင်းသွက်လက်သူတွေဖြစ်တယ်။ ကောင်းကွက်ကတော့ လူတွေနဲ့အရမ်းအဆင်ပြေအောင် ပေါင်းတတ်တယ်၊ အလုပ်ကြိုးစားတယ်။ ဆိုးတာကတော့ သံသယများတာနဲ့ အရမ်းကိုအပြစ်ရှာတတ်ပဲ။

၇။ တူ (Libra)

ချိန်ခွင်လေးနဲ့ ဖော်ပြလေ့ရှိတဲ့ တူရာသီရဲ့သင်္ကေတလေးဟာ တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃)တွေရဲ့ စိတ်ထားကို ညွှန်ပြတာပါ။ မျှတမှုနဲ့ ဟန်ချက်ညီမှုကို လိုလားသူတွေပေါ့။ လိမ္မာပါးနပ်ကြတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင် သေသေသပ်သပ်မရှိဘူး။

၈။ ဗြိစ္ဆာ (Scorpio)

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ဗြိစ္ဆာရာသီဖွားတွေက ရဲရင့်မှုရှိသူတွေ၊ သဲကြီးမဲကြီးချစ်တတ်သူတွေပါ။ ဒါပေမဲ့ ယုံကြည်ပေးနိုင်စွမ်းနည်းပြီး တစ်ခုခုကို အလိုမကျစိတ်က ပိုများနေတယ်။

၉။ ဓနု (Sagittarius)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ - ဒီဇင်ဘာ ၂၁) တွေရဲ့ အားသာချက်က စွန့်စားလိုစိတ်ရှိသူ၊ တက်ကြွဖျတ်လတ်တွေအဖြစ် မွေးဖွားလာတာပါပဲ။ စိတ်မရှည်တာနဲ့ ကြိုတင်ခန့်မှန်းလို့မရအောင် လုပ်ချင်တာကောက်လုပ်ပလိုက်တာကတော့ ဆိုးကွက်ပေါ့လေ။

၁၀။ မကာရ (Capricorn)

(ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၀) အတွင်း မွေးဖွားသူတွေဟာ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ပြီး အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်နိုင်သူတွေပါ။ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး တာဝန်ခံစိတ်အပြည့်ရှိတယ်။ ဒါပေမဲ့ ချုပ်ထိန်းလွန်းတာနဲ့ စိတ်ကြီးဝင်တာတော့ မကောင်းဘူး။

၁၁။ ကုမ် (Aquarius)

(ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၁၈) မွေးတဲ့ ကုမ်ရာသီတွေရဲ့ အားသာချက်က သူတစ်ပါးကို မမှီခိုဘဲ လွတ်လွတ်လပ်လပ်နေတတ်သူတွေဖြစ်တယ်။ စစ်မှန်ရိုးသားကြတယ်။ စိတ်လိုက်မာန်ပါလုပ်လွန်းတော့ ခဏခဏ ပြဿနာတက်ရ၊ စိတ်ညစ်ရတယ်။

၁၂။ မိန် (Pisces)

ငါးလေးနှစ်ကောင်နဲ့ သင်္ကေတပြထားတဲ့ မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) တွေက အနုပညာရှင်တွေ၊ ဒါမှမဟုတ် အနုပညာကို စိတ်ဝင်စားသူတွေပါ။ အယုံလွယ်လွန်းတာကတော့ အားနည်းချက်ပဲ။

Source : Be Beauty

Share

Loading Next Article...
က္က