In partnership with  logo
ကိုယ်ဝန်သည်တွေလည်း လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။

ဆရီနာဝီလျံလို့ ပြောလိုက်ရင် မသိသူမရှိလောက်အောင်ပဲ ကျော်ကြားလှတဲ့ တုတ်တုတ်ခိုင်ခိုင်ခန္ဓာကိုယ်ပိုင်ရှင် တင်းနစ်မယ်ကို မြင်ယောင်ကြမှာပါနော်။ ဆရီနာဝီလျံဟာ ကမ္ဘာ့တင်းနစ်ချန်ပီယံ တစ်ဦးဖြစ်ပြီး ထိပ်တန်းတင်းနစ်မယ်လည်း ဖြစ်ပါတယ်။ ခုတော့ သူမက တင်းနစ်ရိုက်တာတွေကို နားထားပါတယ်။

 

ကိုယ်ဝန်ရကတည်းက တင်းနစ်လောကကနေ ခေတ္တအနားယူနေခဲ့တဲ့ ဆရီနာက ခုဆို ကိုယ်ဝန် ၈ လတောင် ရှိနေပါပြီ။ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်သည် ဆရီနာက ငြိမ်ငြိမ်လေး အနားယူနေမယ်တော့ မထင်လိုက်ပါနဲ့။ ကိုယ်ဝန်အရင့်အမာကြီးနဲ့တောင် အားကစားလုပ်မပျက်၊ တင်းနစ်ရိုက်နေတုန်းပါပဲ။

[No available link text] 

ဆရီနာရဲ့ အင်စတာဂရမ်နဲ့ Snapchat အကောင့်တွေကနေ သူမရဲ့ လေ့ကျင့်ခန်းလုပ်နေပုံ၊ တင်းနစ်ရိုက်နေပုံ ဗီဒီယိုတို့ကို တင်ကာ သူမရဲ့လေ့ကျင့်မှုကို ပြသခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဆရီနာရဲ့လေ့ကျင့်ခန်းလုပ်နေပုံကိုကြည့်ပြီး မိခင်ရောကလေးပါ ကျန်းမာကြမှာသေချာတယ်လို့ မှတ်ချက်ချပါတယ်။

 

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့လိုသလို လေ့ကျင့်ခန်းလည်းလုပ်နိုင်တယ်လို့ ဆရီနာက သက်သေပြနေသလိုပါပဲ။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က