In partnership with  logo
ပြီးပြည့်စုံတဲ့အလှဆိုတာ ကိန်းကဏ္ဍန်းတွေနဲ့သာ သက်ဆိုင်တယ်။

အမျိုးသမီးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အလှဆိုတော မျိုးရိုးကြောင့် ကံကောင်းပြီးလှနေတာ ဒါမှမဟုတ် လေ့ကျင့်ခန်းတွေ အသည်းအသန်လုပ်နေတာလည်း မဟုတ်ပါဘူး။ တကယ်ကို ပြီးပြည့်စုံတဲ့အလှဆိုတာ ကိန်းကဏ္ဍန်းတွေနဲ့သာ သက်ဆိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။

၁။ မေးရိုး - ကိတ်မော့စ်

4347EA2800000578-0-image-m-12_1502831212385.jpg 

British Association of Aesthetic Plastic Surgeons ရဲ့ ဥက္ကဌဖြစ်သူ Rajiv Grover ရဲ့ အဆိုအရ မေးအလယ်နဲ့ မေးရိုးအစ အတိုင်းအတာဟာ ၈၁ ဒီဂရီဖြစ်နေရင် အလှဆုံးမေးရိုးပါတဲ့။ နမူနာအနေနဲ့ မော်ဒယ်ကိတ်မော့စ်ရဲ့မေးရိုးကို သူက ဥပမာပေးခဲ့ပါတယ်။ လေ့လာမှုတွေအရ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျဆိုတာ မျက်နှာအကျယ် ကန့်လန့်ဖြတ်အတိုင်းထက် ဒေါင်လိုက်အတိုင်း (အရှည်)က ၁.၅ ဆ ထက် မပိုဘူးလို့ သိရပါတယ်။

၂။ မျက်လုံး - အန်းဟက်သာဝေး

0320EC67000003E8-0-image-a-15_1502831236629.jpg 

ကလေးဘဝအစောပိုင်းကာလကို ကျော်လွန်ပြီးရင် မျက်လုံးတွေက အရွယ်အစားပြောင်းမလာတော့ပါဘူး။ မိန်းကလေးတွေရဲ့မျက်လုံးက ယောက်ျားလေးတွေထက် ပိုကြီးတယ်ဆိုတာ ယောက်ျားလေးတွေရဲ့ ဦးခေါင်းခွံက ပိုကြီးနေလို့သာ ဖြစ်ပါတယ်။ မျက်လုံးသူငယ်အိမ်နှစ်ခုကြား အကွာအဝေးဟာ နားရွက်နှစ်ခုကြား အကျယ် အကွာအဝေးရဲ့ ၄၆ % ရှိနေရင် မျက်လုံးလှတယ်လို့ သတ်မှတ်ပါတယ်။ ဒီအကွာအဝေးဟာ မျက်နှာလေးကို လှပတဲ့ တြိဂံပုံစံလေး ဖြစ်သွားစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ မျက်တောင်မွှေးတွေကလည်း မျက်လုံးရဲ့ ၃ ပုံ ၁ ပုံ အလျား (၃.၅ စင်တီမီတာ) ရှိမှ ပြီးပြည့်စုံတဲ့ မျက်လုံးအလှပါလို့ Georgia Institute of Technology က သုတေသီက ဆိုပါတယ်။

၃။ ခြေတံ - ကင်မရွန်း ဒိုင်ယာ့ဇ်စ်

042B2D26000003E8-0-image-m-19_1502831275089.jpg 

ပျမ်းမျှအရပ် ၅ ပေ ၄ လက်မမှာ ခြေတံအရှည်ဟာ အတွင်းဘက်မှာ ၂၉ လက်မ၊ အပြင်ဘက်မှာ ၃၀.၅ လက်မ ရှည်မှ ခြေတံလှတယ်လို့ ပိုလန်နိုင်ငံက Wroclaw တက္ကသိုလ်ရှိ သုတေသီတွေက ဆိုပါတယ်။ ကင်မရွန်းဒိုင်ယာ့ဇ်စ်ကတော့ ဒီအချိုးနဲ့ ကိုက်ညီသူပါ။

၄။ ရှိုက်ဖိုကြီးငယ် - ကိတ်ဝင်းစလက်

11EDB77A00000514-0-Amid_all_this_unattainable_perfection_the_good_news_is_that_norm-a-41_1502831617195.jpg 

ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ် မျှခြေညွှန်းကိန်း (BMI) မှာ ၂၀ နဲ့ ၂၁ ဟာ အလှဆုံး ရှိုက်ဖိုကြီးငယ်တွေကို ပိုင်ဆိုင်ထားသူတွေမှာသာ ရှိကြပါတယ်။ Titanic မင်းသမီး ကိတ်ဝင်းစလက်ကတော့ ဒီစံသတ်မှတ်ချက်နဲ့ ညီသူပါ။

၅။ ကောက်ကြောင်း - စကားလက် ဂျိုဟန်ဆန်

2600C6F000000578-0-image-a-25_1502831407226.jpg 

ကောက်ကြောင်းလှတယ်ဆိုတာ အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာကြီးနေပြီး ခါးနေရာလေးမှာ သိမ်နေတာပဲမဟုတ်လား။ တင်ပါးပတ်လည်အတိုင်းကို ခါးပတ်လည်အတိုင်းနဲ့ စားတဲ့အခါ ဝ.၇ ရရင် အလှဆုံးကောက်ကြောင်းပိုင်ရှင်ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ စကားလက်ဂျိုဟန်ဆန်ရဲ့ ကောက်ကြောင်းပုံစံလိုပေါ့။ သဲနာရီလို အပေါ်နဲ့အောက်က ကိတ်နေပြီး ခါးလေးသေးသွယ်နေတာလေ။ ၃၄-၂၄-၃၅ ဟာ အလှဆုံးခန္ဓာကိုယ်ကောက်ကြောင်း ဖြစ်ပါတယ်။

၆။ နှာခေါင်း - ကိတ် မစ်ဒယ်တန်

4347EA1800000578-0-image-m-28_1502831424725.jpg 

မိန်းကလေးတစ်ယောက်ရဲ့နှာခေါင်းလှ၊ မလှ ဆိုတာကတော့ ယောက်ျားနှာခေါင်းထက် ၁၀ % ပိုသေးရမယ်လို့ သတ်မှတ်ကြတယ်။ နှုတ်ခမ်းနဲ့ နှာခေါင်းထိပ်လေးရဲ့ ထောင့်ချိုးကလည်း ၁၀၆ ဒီဂရီ ဖြစ်ရပါမယ်။

၇။ ခေါက်ချိုးညီမှု - နာတာလီပို့တ်မန်း

4347EA3400000578-0-image-m-31_1502831445064.jpg 

မျက်နှာရဲ့ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းဟာ တူညီနေရပါမယ်။ ပြီးပြည့်စုံတဲ့အလှဆိုတာ နှစ်ဘက်လုံးက ညီတူမျှတူ ရှိနေဖို့လည်း လိုသေးတယ်။ ဟေလီဘယ်ရီနဲ့ နာတာလီပို့တ်မန်းတို့ကတော့ ခေါက်ချိုးညီညီနဲ့ လှနေကြသူတွေပါ။

၈။ ချိုမြိန်တဲ့အပြုံး - ချယ်ရီကိုးလ်

345ECA9500000578-0-image-a-35_1502831476609.jpg 

အပြုံးဆိုတာ လူတိုင်းကို လှသွားစေတဲ့အရာ။ အချိုးအစားလေးသာ ကျနသွားရင် အလှဆုံးအပြုံးပိုင်ရှင်လို့ ဆိုရမယ်။ ပြုံးတဲ့အခါ နှုတ်ခမ်းတွေက မျက်နှာကန့်လန့်ဖြတ်အတိုင်း (အနံ)ရဲ့ ၅၀% မကျော်ရင် အလှဆုံးပါ။ နှုတ်ခမ်းတစ်စုံရဲ့ အရှည်က ၄/၅ စင်တီမီတာနဲ့ အနံအားဖြင့် ၁/၂ စင်တီမီတာ ရှိရင် အလှဆုံးလို့ ဆိုရပါမယ်။ ရှေ့သွားလေးနှစ်ချောင်းရဲ့ အနံဟာ အရပ်ရဲ့ ၈၀% နဲ့ ညီမျှနေရမှာ ဖြစ်သတဲ့။

၉။ ရင်သား - ကယ်လီဘရွတ်

1D202A0600000578-0-image-a-37_1502831481981.jpg 

အကိတ်လို့ နာမည်တွင်တဲ့ ကယ်လီဘရွတ်ကတော့ ရင်သားတွေ အတော်လှတာနော်။ ကြီးမားလုံးဝန်းရုံသာမက အချိုးအစားကလည်း ကျနသေးတယ်။ ရင်သားရဲ့ ၄၅% ဟာ နို့သီးခေါင်းလေးရဲ့အထက်မှာ ရှိနေမှ လှတာဖြစ်ပါတယ်။

၁၀။ တင်ပါး - ဂျေလို

2AD9830100000578-0-image-m-40_1502831501945.jpg 

အဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်ရဲ့ တင်ပါးကတော့ ကမ္ဘာကျော်တင်ပါးမဟုတ်လား။ တင်ပါးကြီးတိုင်းလည်း ယောက်ျားတွေက စိတ်မဝင်စားပါဘူး။ ခါးလေးသွယ်ပြီး တင်ပါးကြီးမှ ဆက်စီကျတာပါ။ ပြီးတော့ တင်ပါးဟာ ကျောရိုးမကြီးနဲ့ ၄၅.၅ ဒီဂရီ ကွေ့နေတာကိုမှ လှတယ်လို့ ခေါ်ရပါလိမ့်မယ်။

Source : Daily Mail

Share

Loading Next Article...
က္က