In partnership with  logo
တခြားကိစ္စတွေမှာသာ အပြိုင်အဆိုင်တွေ ရှိချင်ရှိမယ်၊ ဓမ္မတာကိစ္စနဲ့ ပတ်သက်လာရင်တော့ အချင်းချင်း သိပ်ကိုရိုင်းပင်းကူညီကြတာမျိုး။

လစဉ်ကြုံနေရတဲ့ ဓမ္မတာကိစ္စကြောင့် အနည်းနဲ့အများဆိုသလို စိတ်ညစ်ညူးရတယ်။ နေရထိုင်ရတာလည်း မလွတ်လပ်ဘူးလို့ ခံစားရတယ်လေ။ တချို့ဆို ဗိုက်အောင့်တာမျိုးလည်း ကြုံရသေးတာ။ အမျိုးသမီးတစ်ဦးအနေနဲ့ ဓမ္မတာစီးဆင်းမှုဟာ သဘာဝပါပဲ။ စိတ်ညစ်စရာကိစ္စမဟုတ်ပါဘူးနော်။

 

၁။ ခန္ဓာကိုယ်ရဲ့အလုပ်လုပ်ပုံကို ပိုပြီးသိလာစေတယ်

ကိုယ့်ရဲ့ခန္ဓာကိုယ်က ဘယ်လို အလုပ်လုပ်ရတယ်။ ဘာတွေလိုအပ်တယ်ဆိုတာကို ပိုပြီးနားလည်လာပါတယ်။ လစဉ်လတိုင်း ရာသီလာတဲ့ရက် ဝန်းကျင်မှာဆို ကိုယ့်ကိုယ်ကိုယ်လည်း ပိုဂရုစိုက်ဖြစ်တယ်။

၂။ ကိုယ်ဝန်ရှိ၊ မရှိ သိနိုင်

ဓမ္မတာလာတယ် ဆိုကတည်းက ကိုယ်ဝန်မရှိတာ ၁၀၀ % သေချာလို့ပေါ့နော်။ ပြီးတော့လည်းပဲ လစဉ် ပုံမှန် ဓမ္မတာလာတယ်ဆိုတာ သွေးသားကောင်းလို့ပေါ့။

 

၃။ ကျန်းမာရေးကောင်းတယ်

လစဉ်ပုံမှန် ဓမ္မတာလာနေသမျှ ကျန်းမာရေးကောင်းတယ်လို့ ယူဆလို့ရတယ်။ ဓမ္မတာ ပုံမှန်မလာရင် ကျန်းမာရေးအခြေအနေတွေမှာ ဆိုးကျိုးတွေ ရှိနေနိုင်တယ်။ အထူးသဖြင့် မီးယပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာတွေ ဖြစ်လာနိုင်ခြေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

၄။ မိန်းကလေးချင်းရင်းနှီးလာမယ်

maxresdefault.jpg 

ကျွန်မတို့ မိန်းကလေးတွေကလေ တခြားကိစ္စတွေမှာသာ အပြိုင်အဆိုင်တွေ ရှိချင်ရှိမယ်၊ ဓမ္မတာကိစ္စနဲ့ ပတ်သက်လာရင်တော့ အချင်းချင်း သိပ်ကိုရိုင်းပင်းကူညီကြတာမျိုး။ ကိုယ့်ပြဿနာတွေပြောပြလိုက်ရင်လည်း အကြံပေးမယ့်လူတွေ ရှိလာလိမ့်မယ်။ ကိုယ်တိုင်လည်း ဘယ်ဂွမ်းထုပ်ကကောင်းတာတို့၊ ဘာဆေးလေးသောက်လိုက်ပါလားတို့ စတဲ့ အကြံဉာဏ်လေးတွေ သူများကို မျှဝေဖူးတယ်ဟုတ်?

Share

Loading Next Article...
က္က