In partnership with  logo
ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်ပေးရင် သိသာတယ်။ ကောက်ကြောင်းလေးထွက်နေရောလေ။

မိန်းကလေးတွေအကုန်လုံးနီးပါးကတော့ ထိုင်ထလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အဓိကရလဒ်ကို သိကြမှာပါနော်။ တင်ပါးလှစေတဲ့ လေ့ကျင့်ခန်းပါ။ တင်ပါးရယ်၊ ပေါင်တံရယ်ကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှစေပါတယ်။ တကယ်လည်း ထိရောက်တဲ့ လေ့ကျင့်ခန်းမို့ နေ့စဉ်ရက်ဆက်လုပ်သွားမယ်ဆို တစ်လတည်းနဲ့တောင် သိသိသာသာ ထူးလာပါလိမ့်မယ်။

 

၁။ ခန္ဓာကိုယ်အောက်ပိုင်းကို လှပစေပါတယ်။ တင်ပါး၊ ပေါင်ရှေ့ဘက်ခြမ်း၊ တံကောက်ကြောတွေကို သန်မာစေပြီး လှပစေပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကျစ်လျစ်အောင်လည်း အထောက်အကူဖြစ်စေတယ်။

၂။ အရိုးတွေကို သန်မာစေပြီး အဆစ်နဲ့ တစ်ရှုးတွေဆက်သွယ်မှုကိုလည်း အားကောင်းစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း ပိုကြံ့ခိုင်စေတယ်။

 

၃။ လှုပ်ရှားဆောင်ရွက်မှုတွေကို ပိုလွယ်ကူသွားစေတယ်။ ခါးကိုင်းတာတွေ၊ မတ်တပ်ရပ်တာတွေ စတဲ့ လှုပ်ရှားမှုတွေမှာ အရင်ကထက် ပိုအဆင်ပြေလာမှာပါ။ အရင်ကထက်ပိုပြီး သွက်သွက်လက်လက် ဖြစ်လာတာကို ကိုယ်တိုင်အသိဆုံးမို့လား။

၄။ ကိုယ်နေဟန်ထားလေးက ပိုမိုက်လာလိမ့်မယ်။ ဥပမာ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်ပေးရင် သိသာတယ်။ ကောက်ကြောင်းလေးထွက်နေရောလေ။ ကျေနပ်မိပါလိမ့်မယ်။

 

၅။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေပြောင်းလဲလာပါတယ်။ ကောင်းတဲ့ပြောင်းလဲခြင်းမျိုး ဖြစ်လာတာပါ။

Share

Loading Next Article...
က္က