In partnership with  logo
ကိုယ့်ရဲ့ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်နိုင်မယ်။ အိမ်ထောင်ကျသွားပြီဆို ဒီအခွင့်အရေးတွေ မရနိုင်တော့ဘူး။

လူအများစုကတော့ အရွယ်ရောက်လာရင် လက်ထပ်၊ ကလေးယူရတာကမှ ပျော်စရာကောင်းတယ်လို့ လက်ခံထားကြတယ်။ တကယ့်လက်တွေ့မှာတော့ အိမ်ထောင်ပြုခြင်းဟာ သိပ်ကို ရှုပ်ထွေးလွန်းပါတယ်။ အဆင်မပြေတာတွေလည်း အများကြီးပဲ။ တစ်ဘဝလုံး လက်တွဲဖို့အတွက် ပြည့်စုံတဲ့ယောက်ျားတစ်ယောက်ကို မတွေ့သေးဘူးဆိုရင် ဒါတွေက ပျိုမေတို့ကို ပျော်ရွှင်စေမယ့် အရာတွေဆိုတာ မမေ့ပါနဲ့။

၁။ ကျန်းမာရေး

ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာနေအောင် ၊ သွက်လက်ပေါ့ပါးနေအောင် ထားရမယ်။ စိတ်ရောကိုယ်ပါ ကျန်းမာမယ့်အရာတွေကို လုပ်ဆောင်နေပါ။

၂။ အလုပ်

o-BOOST-CONFIDENCE-SELF-ESTEEM-facebook.jpg 

ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်လို့ရပါတယ်။ ကိုယ်အိပ်မက် မက်ထားတဲ့၊ စိတ်ကူးယဉ်ထားတဲ့ လုပ်ငန်းခွင်ကို ဝင်ရောက်နိုင်မယ်။ ဘာကိုမှ နောက်ဆံတင်းစရာမလိုဘဲ အလုပ်ကို အာရုံစိုက်နိုင်ပါတယ်။

၃။ စစ်မှန်တဲ့မိတ်ဆွေ

သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ ရှားပါးတဲ့ ရတနာလိုပဲ။ ရဖို့ခက်တယ်။ ကိုယ့်ကိုနားလည်ပေးတယ်၊ တန်ဖိုးထားတယ်။ ကိုယ်နဲ့အတူ ပျော်ရွှင်နိုင်တယ်၊ မျှဝေခံစားနိုင်တယ်လေ။

၄။ ဝါသနာ

kayak-turku-archipelago-min.jpg 

ကိုယ့်ရဲ့ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်နိုင်မယ်။ အိမ်ထောင်ကျသွားပြီဆို ဒီအခွင့်အရေးတွေ မရနိုင်တော့ဘူး။

၅။ ပိုက်ဆံပိုစုနိုင်မယ်

ဟုတ်ပါတယ်။ ကိုယ်ရှာသမျှ ကိုယ့်ဖို့ချည်းပဲ။ သုံးချင်သလောက် သုံးလို့ရတယ်။ စုမယ်ဆိုလည်း နောင်ရေးအတွက် စိတ်ကြိုက်စုလို့ရတယ်။ ကိုယ်တိုင် အလုပ်လုပ်နိုင်တော့ ဘယ်သူ့ကိုမှလည်း မှီခိုစရာမလိုဘူး။

၆။ ကိုယ့်ကိုယ်ကိုယ်ပိုချစ်တယ်

15165460-358085-0-1500550168-1500550172-650-45a927742e-1500673789.jpg 

ကိုယ့်စိတ်ကို ကိုယ်တိုင်အသိဆုံးနော်။ ကိုယ်လိုချင်တာတွေ၊ ဆန္ဒတွေကို ကိုယ်ကပဲလိုက်လျောနိုင်မှာ။ သူများက မဖြည့်ဆည်းပေးနိုင်ဘူး။ ကိုယ့်စိတ်ချမ်းသာအောင် ကိုယ်ပဲလုပ်ရမှာပေါ့။

၇။ အချစ်စစ်

ကိုယ့်ကိုယ်ကိုယ်ချစ်နိုင်ပြီလား။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာ ကိုယ်ကောင်းဖို့အတွက်၊ စိတ်ချမ်းသာဖို့အတွက်လုပ်နေတာ။ သူများကိုလည်း ထိခိုက်တာမျိုး မပါဘူး။ အဲ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ပြီဆိုတော့မှ တခြားလူကို ဘယ်လိုချစ်ရမလဲဆိုတာ နားလည်တတ်လာမှာပါ။ ကိုယ့်ကိုယ်ကိုယ် နည်းလမ်းမှန်နဲ့ ချစ်တတ်အောင် အရင်ဆုံးနေကြည့်လိုက်ပါဦး။

Share

Loading Next Article...
က္က