In partnership with  logo
ကိန်းဘရစ်ချ်မြို့စားကြီး ဝီလျံနဲ့ မြို့စားကတော် ကိတ် မစ်ဒယ်တန်တို့ဟာ တတိယမြောက်ကလေးကို ရရှိတော့မယ်လို့ ကန်ဇင်တန် နန်းတော်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကိန်းဘရစ်ချ်မြို့စားကြီး ဝီလျံနဲ့ မြို့စားကတော် ကိတ်မစ်ဒယ်တန် တို့ဟာ တတိယမြောက်ကလေးကို ရရှိတော့မယ်လို့ ကန်ဇင်တန် နန်းတော်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

 

ဗြိတိန်ထီးနန်းအမွေခံ မင်းသားဝီလျံတို့ ဇနီးမောင်နှံဟာ အခုဆိုရင် တတိယမြောက်ရင်သွေးလေးကို တော်ဝင်မိသားစုထဲကို ခေါ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

 

ဘုရင်မကြီးနဲ့ နှစ်ဖက်မိသားစုကတော့ အဆိုပါသတင်းကြောင့် အလွန်ဝမ်းမြောက်နေကြပါတယ်။ အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ မြို့စားကတော်ကတော့ အရင်တုံးက ကိုယ်ဝန် (၂) ကြိမ် ဆောင်ခဲ့ဖူးတာကြောင့် ပြင်းထန်တဲ့ မူးဝေအော့အန်ခြင်းဝေဒနာ (morning sickness) ကို ခံစားနေရရှာပါတယ်။ ဒါကြောင့် ယနေ့ လန်ဒန်မြို့၊ ဟွန်းဆေးလမ်း ကလေးစင်တာမှာ ပြုလုပ်ဖို့ မူလကစီစဉ်ထားတဲ့ ပွဲကိုမသွားနိုင်တော့ပါဘူး။ အခုအချိန်မှာတော့ ကိတ်မစ်ဒယ်တန်ဟာ ကန်ဇင်တန်နန်းတော်ထဲမှာပဲ အနားယူနေပါတယ်လို့ ကြေညာချက်ထဲမှာဆိုပါတယ်။

 

မြို့စားကြီးနဲ့ မြို့စားကတော်မှာ ဂျော့ချ် (အသက် (၄) နှစ်) နဲ့ ချားလော့ထ် (အသက် (၂) နှစ်) ဆိုပြီး ကလေး (၂) ယောက် ရှိထားပြီးဖြစ်ပါတယ်။ မြို့စားဇနီးမောင်နှံဟာ ကိုယ်ဝန်ဆောင်ခြင်း (၁၂) ပတ်မြောက် လက္ခဏာတွေမပြခင် ကိုယ်ဝန်ရှိနေကြောင်း ကြေညာလိုက်ရတာက မြို့တော်ကတော်ရဲ့ ပြင်းထန်တဲ့ မူးဝေအော့အန်ခြင်းဝေဒနာကြောင့်ပါပဲ။

ယောကျ်ားယူဖို့ထက် ပိုပြီးပျော်ရွှင်စေမယ့်အရာ (၈) မျိုး 

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆေးရုံတက်ရင်း သိခဲ့ရတဲ့ သူမရဲ့ပထမဦးဆုံးကိုယ်ဝန်တုံးကလည်း မင်းသားလေးဂျော့ချ်ကို ဝမ်းဗိုက်ထဲမှာ လွယ်ထားရကြောင်း ရက်သတ္တပတ်အနည်းငယ်ကတည်းက သိရှိခဲ့ပါတယ်။ မင်းသမီးချားလော့ထ်ကို ကိုယ်ဝန်လွယ်ထားရကြောင်းသိလိုက်ရတဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလတုံးကလည်း အချိန်တိုလေးအတွင်းမှာ ကိုယ်ဝန်လွယ်ထားရကြောင်း သိရှိခဲ့ပါတယ်။

ဆေးပညာအခေါ် Hyperremesis gravidarum လို့ခေါ်တဲ့ ပြင်းထန်တဲ့အော့အန်ခြင်းဝေဒနာဟာ ကိုယ်ဝန်သည် (၂၀၀) မှာ တစ်ယောက်လောက်ဖြစ်တတ်တဲ့ ဝေဒနာဖြစ်ပြီး ပြင်းထန်စွာ မူးဝေခြင်းနဲ့ အော့အန်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။ ရောဂါဝေဒနာရဲ့ဖြစ်တန်စွမ်းကတော့ ရေဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

Source: BBC

 

Share

Loading Next Article...
က္က