In partnership with  logo
မိခင်တွေကြုံနေရတဲ့ ဝေဖန်ခံရမှုကို ရင်ဆိုင်ပြလိုက်တာပါပဲ။

လူမြင်ကွင်းမှာ မိမိရဲ့ရင်သွေးကို နို့ချိုတိုက်ကျွေးတဲ့အပေါ် တချို့တွေက ကဲ့ရဲ့ကြပါတယ်။ မိမိရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းဟာ ရှက်ကြောက်စရာမဟုတ်ပါဘူး။ ဒါကို ထောက်ခံကြောင်း ပြသလိုတဲ့ စုံတွဲတစ်တွဲက သူတို့ရဲ့မင်္ဂလာပွဲမှာ ထူးထူးခြားခြားလေး ထုတ်ဖော်ပြသခဲ့ပါတယ်။

 

ဘရာဇီးနိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ အသက် ၂၄ နှစ်သာရှိသေးတဲ့ သတို့သမီး ငယ်ငယ်လှလှလေး Danielly Katsue ဟာ သူမရဲ့ ရင်သွေးကို လူကြားထဲ နို့ချိုတိုက်ကျွေးခဲ့ပါတယ်။ ခင်ပွန်းသည် Kale Rios နဲ့ လက်ထပ်သစ္စာတိုင်တည်ပြီးနောက် သူတို့ရဲ့ရင်သွေးလေးဖြစ်တဲ့ အသက် ၃ လအရွယ် Kaua လေးကို နို့ချိုတိုက်ကျွေးကာ မိခင်တွေကြုံနေရတဲ့ ဝေဖန်ခံရမှုကို ရင်ဆိုင်ပြလိုက်တာပါပဲ။

See also 

 

ဒီဓာတ်ပုံကို အင်စတာဂရမ်ပေါ်ရောက်လာချိန်မှာ တုံ့ပြန်မှုတွေ မြောက်များစွာရခဲ့ပါတယ်။ ဓာတ်ပုံရိုက်ပေးခဲ့တဲ့ မိုနီကာက သတို့သမီးလေးရဲ့ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာပါ။

 

မိခင်တွေအနေနဲ့ ရင်သွေးငယ်ကို ဘယ်အချိန်ဘယ်နေရာဖြစ်ဖြစ် ကလေးနို့ဆာနေရင် နို့တိုက်သင့်ကြောင်း တိုက်တွန်းထောက်ခံလိုစိတ်၊ အဲ့လိုမျိုး နို့ချိုတိုက်ကျွေးတဲ့မိခင်တွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရစေလိုစိတ်နဲ့ တင်ခဲ့တယ်လို့ ပြောပါတယ်။ သတို့သမီးလေးရဲ့လုပ်ရပ်ကို ထောက်ခံအားပေးသူတွေ အများကြီး ရှိလာခဲ့ပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က