In partnership with  logo
အိမ်အလုပ်ဆိုတာကလည်း ကြည့်တော့သာ ဘာမှမဟုတ်သလိုနဲ့ တကယ်လုပ်ဖူးမှ ပင်ပန်းမှန်းသိမှာ။

ပိန်ချင်ပါတယ်... ဝိတ်လျှော့ပါတော့မယ် အော်နေပြီး Gym သွားဖို့ အချိန်မရှိဘူးဆိုရင် နောက်တစ်နည်းရှိပါတယ်။ အိမ်အလုပ်တွေလုပ်ရင်း ဝိတ်ချတဲ့နည်းပါ။ Good Housekeeping Institute ရဲ့ လေ့လာမှုအရ အိမ်အလုပ်တွေ လုပ်ခြင်းဟာ ကယ်လိုရီတွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေပါသတဲ့။

 

ဖုန်သုတ်၊ ကြမ်းတိုက်၊ ရေချိုးခန်းသန့်ရှင်းရေးလုပ် စတဲ့ အိမ်အလုပ်တွေကို လုပ်ကိုင်ခြင်းကြောင့် အိမ်ကနေ ခြေတစ်လှမ်းမှမခွာရဘဲ ကယ်လိုရီတွေလောင်ကျွမ်းကာ ဝိတ်ကျမှာဖြစ်ပါတယ်။ လေ့လာမှုရလဒ်အရ အိမ်အလုပ်သေသေချာချာလုပ်တဲ့လူတွေဟာ ၂ နာရီအတွင်း ကယ်လိုရီ ၆၀၀ လောင်ကျွမ်းသွားတယ်လို့ ဖော်ပြထားတယ်။

 

၅ ကီလိုမီတာလောက် ပြေးရင်တောင်မှ ကယ်လိုရီက ၃၇၄ ပဲ လောင်ကျွမ်းနိုင်တာမို့ အိမ်အလုပ်လုပ်ရတာ ပိုပြီးဝိတ်ကျတယ်ဆိုတဲ့သဘောပါပဲ။

ဖုန်သုတ်တာကတော့ အတော်ကို ထိရောက်တဲ့ ကယ်လိုရီလောင်ကျွမ်းမှု အိမ်အလုပ်ပါပဲ။ မိနစ် ၄၀ ကြာ ဖုန်သုတ်မယ်ဆိုရင် ကယ်လိုရီ ၁၉၄ အထိ လောင်ကျွမ်းနိုင်မှာဖြစ်တယ်လို့ GHK က ဖော်ပြခဲ့ပါတယ်။

 

Source : GHK

Share

Loading Next Article...
က္က