In partnership with  logo
အကြောင်းရင်းကိုမသိတော့ ရဲက လာမေးသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လန်ဒန်မြို့ရဲ့ လူစည်ကားရာ လမ်းဆုံတွေမှာ အမျိုးသမီးငယ်လေးတွေဟာ အတွင်းခံအဝတ်အစားတွေကိုပဲဝတ်ပြီး လမ်းလျှောက်နေခဲ့ကြပါတယ်။ မနက်ပိုင်းလည်း ဖြစ်တာကြောင့် လူတွေက သူတို့ကို အထူးအဆန်းလိုကြည့်နေခဲ့ကြတယ်။

 

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကလည်း သူတို့ကို စစ်ဆေးဖို့ ရောက်လာခဲ့ပြီးမှ ကောင်မလေးတွေဟာ ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြလမ်းလျှောက်နေမှန်းသိသွားကြပါတယ်။

 

တကယ်တော့ ဒီမိန်းကလေးတွေဟာ Bluebella အမှတ်တံဆိပ်ရဲ့ Dare To Bare လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ မိမိရဲ့ခန္ဓာကိုယ်အပေါ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေလိုတဲ့ လှုပ်ရှားမှုအနေနဲ့ လူစည်ကားရာ နေရာမှာ လမ်းလျှောက်ကိုယ်ဟန်ပြစေခဲ့တာပါ။ ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ အမျိုးသမီးတွေကိုဖိတ်ခေါ်ခဲ့ပြီးနောက် သူမတို့ကို မေးမြန်းပြီးနောက်မှာ ယခုလို လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်တဲ့ မိန်းကလေး ၁၉ ဦးထဲမှာ ဆေးပညာဆိုင်ရာ PA တစ်ဦး၊ ကုမ္ပဏီအရာရှိတစ်ဦး၊ ကျောင်းသူလေးဦး၊ သရုပ်ဆောင်နှစ်ဦး၊ ဂီတပညာရှင်တစ်ဦးနဲ့ စာရေးဆရာနှစ်ဦးတို့ ပါဝင်ခဲ့ကြပါတယ်။ သူတို့တွေမှာ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိတ်ခံစားချက်တွေကိုယ်စီ ရှိနေကြတာပါ။ သူတို့ရဲ့စိတ်ခံစားမှုတွေကို ကိုယ်တိုင်ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာစေဖို့အတွက် ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က