In partnership with  logo
စတော်ဘယ်ရီသီးကိုတော့ အတော်လေးနှစ်သက်ပေမဲ့ ရာသီပေါ်စတော်ဘယ်ရီးကိုပဲ စားပါသတဲ့။

လူတစ်ကိုယ် အကြိုက်တစ်မျိုး ရှိသလိုပဲ မကြိုက်တာတွေလည်း ရှိကြတာပေါ့။ အင်္ဂလန်က ဘုရင်မကြီးကလည်း အစားအစာတစ်မျိုးကို လုံးဝမကြိုက်ဘူးတဲ့။ ဘုရင်မကြီးမကြိုက်တော့ နန်းတော်ထဲမှာလည်း အဲ့ဒီအစားအစာကို လုံးဝ ထားလို့မရဘူးလေ။

 

ဘုရင်မကြီး အဲလစ်ဇဘက်ဟာ ကြက်သွန်ဖြူကို ခါးခါးသီးသီးမကြိုက်ဘူးလို့ တော်ဝင်စားဖိုမှူးဟောင်း ဒါရင်း မက်ဂါဒီက ပြောပါတယ်။ "ကြက်သွန်ဖြူပါတဲ့အရာမှန်သမျှနဲ့ ကြက်သွန်နီများတာမှန်သမျှ တစ်ခါမှ မဆက်သခဲ့ရပါဘူး၊ အသားဆိုရင်လည်း ကောင်းကောင်းကျက်တာကိုပဲ စားပါတယ်"လို့ ဒါရင်းက ပြောပါတယ်။

 

ဒါရင်းသာမကဘူး တခြားသော တော်ဝင်စားဖိုမှူးဟောင်းဖြစ်တဲ့ ဂျွန်ဟစ်ဂင်ကလည်း Buckingham နန်းတော်မှာ ကြက်သွန်ဖြူကို အသုံးပြုပြီး ချက်ပြုတ်ခဲ့ရခြင်းမရှိပါဘူးလို့ ပြောပါတယ်။

 

ဘုရင်မကြီးဟာ စတော်ဘယ်ရီသီးကိုတော့ အတော်လေးနှစ်သက်ပေမဲ့ ရာသီပေါ်စတော်ဘယ်ရီးကိုပဲ စားပါသတဲ့။

 

Source : The Culture Trip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က