In partnership with  logo
က်တိုတိုလေး အနားယူလိုက်တာက ဘာမှ အကျိုးသက်ရောက်မှု မရှိပါဘူး။

အလုပ်တွေများလွန်းလို့ စိတ်ရောလူပါ ပင်ပန်းလာပြီ။ စိတ်ဖိစီးမှုတွေရဲ့ နောက်ဆက်တွဲပြဿနာကြောင့် ကျန်းမာရေးရော လူမှုရေးပါ ထိခိုက်လာပြီ။ ဒါဆိုရင်တော့ လုပ်နေတာတွေ အားလုံးရပ်ပြီး အနားယူအပန်းဖြေလိုက်တာ အကောင်းဆုံးပါပဲ။

 

အနားယူအပန်းဖြေတဲ့ အားလပ်ရက်ကာလဟာ အနည်းဆုံးတော့ ၈ ရက်လောက် ကြာသင့်ပါတယ်။ ရက်တိုတိုလေး အနားယူလိုက်တာက ဘာမှ အကျိုးသက်ရောက်မှု မရှိပါဘူး။ အချိန်ယူပြီး အေးအေးဆေးဆေး အနားယူမှသာ စိတ်ရောလူပါ ပြန်လန်းဆန်းလာမှာပါ။

see also 

သုတေသီတွေကတော့ အနည်းဆုံး ၈ ရက်လောက် အနားယူအပန်းဖြေလိုက်မှသာ စိတ်ရောလူပါ ပြန်လည်လန်းဆန်းလာမယ်လို့ အကြံပေးကြပါတယ်။ ဒီသုတေသနရလဒ်ကိုတော့ Happiness Studies ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အချိန် ၈ ရက်လောက် ကြာမှသာ အလုပ်ရဲ့တာဝန်ဝတ္တရားတွေ၊ စိတ်ဖိစီးမှုတွေကို လွှတ်ချထားနိုင်မှာဖြစ်လို့ အနားယူအပန်းဖြေမယ့် အားလပ်ရက်ဟာ အနည်းဆုံး ၈ ရက်မှ ၁၁ ရက်ထိ ကြာသင့်တယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

 

အားလပ်ရက်ကုန်ဆုံးလို့ လုပ်ငန်းခွင်ပြန်ဝင်တာနဲ့ စိတ်ဖိစီးမှုတွေကို ပြန်လည်ကြုံတွေ့ရဦးမှာပါပဲ။ ဒါပေမဲ့ ၇ ရက်မှ ၁၁ ရက်အထိ အားလပ်ရက်ယူပြီး တစ်နေရာရာကို ခရီးထွက်လိုက်ခြင်းဟာ ကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုဖြစ်ပါတယ်လို့ သုတေသီတွေက ပြောပါတယ်။

 

Source : Life Hack

Share

Loading Next Article...
က္က