In partnership with  logo
အချိန်ရှိသမျှ မုန့်စားဖို့ပဲ တွေးနေမိတဲ့ ပျိုမေလေးတွေကတော့ ဒီအကြောင်းကိုဖတ်ရင် ဘယ်လိုနေမလဲမသိ...

မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲဆိုတဲ့ ပျိုမေလေးတွေရှိလား။ မုန့်စားဖို့ကလွဲရင် အလှအပတွေ၊ အလည်အပတ်တွေဆိုတာ ခေါင်းထဲမရှိသူမျိုးတွေလေ။ ပျိုမေလေးတို့ထက် ပိုပြီး အစားမက်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူကလေ မင်္ဂလာဆောင်မှာတောင် လက်ကိုင်ပန်းစည်းကို ဒိုးနပ်မုန့်တွေကိုင်ပြီးတော့ ဆောင်ခဲ့တာ။

 

see also 

သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့က အသက် ၂၃ နှစ်အရွယ် Paige Burgess ဆိုတဲ့ ကောင်မလေးပေါ့။ သူမရဲ့ မင်္ဂလာပွဲကို ထူးထူးခြားခြားလေး ဖြစ်ချင်ခဲ့တာလေ။ သူမနဲ့ခင်ပွန်းသည်တို့ဟာ သတို့သမီးအရံတွေကို အံ့သြပျော်ရွှင်သွားအောင် ကျေးဇူးတင်ပြလိုစိတ်နဲ့ ဒိုးနပ်မုန့်တွေကို ပန်းစည်းအဖြစ်အသုံးပြုခဲ့ကြပါတယ်။

 

အရသာရှိတဲ့ ဒိုးနပ်မုန့်လက်ကိုင်ပန်းစည်းလေးဟာ တကယ်ကို ထူးထူးခြားခြားပါပဲ။ ဒီပန်းစည်းတွေကို Dessert Boxes ကုမ္ပဏီက လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ပိတ်ချ်တို့စုံတွဲကတော့ ဒိုးနပ်မုန့်ပန်းစည်းနဲ့ မင်္ဂလာဆောင်တဲ့ ပထမဆုံးစုံတွဲလည်း ဖြစ်တယ်။ ပုံတွေကို အင်စတာဂရမ်မှာ တင်တဲ့အခါ လှူတွေကလည်း သဘောကျကြနေလေရဲ့။

[No available link text] 

Source : Brides

Share

Loading Next Article...
က္က