In partnership with  logo
စိတ်ကိုယ်ရော ခန္ဓာကိုယ်ကိုပါ ဂရုစိုက်ရမှာနော်။

အရွယ်တင် နုပျိုတယ်ဆိုတာ ဘုရားပေးတဲ့ဆုလာဘ်လို့လည်း တချို့က ပြောကြတယ်။ တချို့တဝက်တော့လည်း မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှ အရွယ်တင်မှာပါနော်။ နာမည်ကြီးဆယ်လီတွေထဲမှာ အရွယ်နဲ့မလိုက်အောင် နုပျိုနေသူတွေက ဘယ်သူတွေလဲ။

၁။ ဂျနီဖာအန်နစ္စတန်

ja.jpg 

အသက် ၄၈ နှစ် ရှိပါပြီ။ သဘာဝဆန်ဆန်အလှနဲ့ မိန်းမပီပီသသ လှနေသူပေါ့။ သူမရဲ့ထူးခြားချက်က ကြည်လင်တင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားတာပါ။ မကောင်းမြင်စိတ်တွေ မထားဘူး၊ အရေပြားကိုလည်း သဘာဝနည်းနဲ့ပဲ အစိုဓာတ်ဖြည့်ပေးတယ်လို့ သူမက ပြောပါတယ်။

၂။ ဟယ်လင်မာရင်

helen-mirren-2017.jpg 

မင်းသမီးကြီး ဟယ်လင်မာရင်ကို အသက်ဘယ်လောက်ရှိပြီလို့ထင်လဲ။ ၇၂ နှစ် ရှိနေပါပြီ။ အရွယ်နဲ့မလိုက်အောင် နုပျိုနေသူပါ။ ပွဲတွေ၊ စင်မြင့်တွေထက်မှာ သိမ်မွေ့တဲ့အလှနဲ့ မြင်ရလေ့ရှိတယ်။ L’Oréal  အလှကုန်ရဲ့ အရွယ်တင်နုပျိုစေတဲ့ပစ္စည်းတွေကို သူမနဲ့ ကြော်ငြာပါတယ်။

၃။ စင်ဒီ ခရော့ဖို့ဒ်

cc.jpeg 

ဆွဲဆောင်မှုရှိလွန်းတဲ့ စင်ဒီက အသက် ၅၁ နှစ်လို့တောင် ထင်စရာမရှိဘူး။ သားနဲ့သမီးကလည်း မော်ဒယ်တွေ ဖြစ်လာနေပြီ။ သူမရဲ့နာမည်ကလည်း ကျဆင်းသွားတာမရှိဘူး။ ခုချိန်ထိ နာမည်ကြီးတုန်း၊ အနုပညာအလုပ်တွေ လုပ်နေရတုန်း။ နုပျိုတင်းရင်းနေတုန်းပဲလေ။

၄။ ဟယ်လီဘယ်ရီ

halle_berry.jpg 

အသားညိုစိမ့်စိမ့်နဲ့ ကျစ်ကျစ်လျစ်လျစ် လှပတဲ့ ဟယ်လီဘယ်ရီကလည်း အသက် ၅၁ နှစ် ရှိပါပြီ။ ၄၀ ကျော် လို့ပဲ ထင်ရတယ်မဟုတ်လား။

Source : Style Cast

Share

Loading Next Article...
က္က