In partnership with  logo
Gym ကို နေ့တိုင်းသွားလည်း ပိန်မလာဘူးဆိုတဲ့ sis တွေ ရှိလား။

ဘယ်လောက်ပဲ ပိန်အောင်ကြိုးစားကြိုးစား ဒီဘော်ဒီက ကျမသွားဘူး။ ထမင်းလျှော့စား၊ Gym ကစားလည်း ဝိတ်မကျဘူး။ ဘာကြောင့်ဘဲဆိုတော့ ကိုယ်က သတိမထားမိဘဲ လုပ်နေမိတဲ့အရာတွေက ကိုယ်အလေးချိန်ကျဖို့ ခက်အောင်လုပ်နေတာကိုး။

 

၁။ မနက်ခင်းပိုင်းမှာ လက်ဖက်ရည်/ကော်ဖီ သောက်တတ်တဲ့အကျင့်ကြောင့်လည်း ဝနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ကော်ဖီမှာ နို့၊ နို့ဆီ၊ သကြား၊ ခရင်မ်တွေ ပါနေတယ်မဟုတ်လား။

၂။ မနက်စာမစားရင်လည်း ဝိတ်ပိုတက်တယ်။ မနက်စာမစားတော့ နေ့လယ်ခင်းမရောက်တရောက်အချိန်မှာ ဗိုက်တွေပိုဆာလာပြီး အငမ်းမရစားမိသွားရော။

 

၃။ Gym ကို နေ့တိုင်းသွားလည်း ပိန်မလာဘူးဆိုတဲ့ sis တွေ ရှိလား။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်း တစ်မျိုးတည်းကိုပဲ နေ့စဉ်လုပ်နေရင် ခန္ဓာကိုယ်က အသားကျသွားတာလေ။

see also 

၄။ အိမ်ထောင်သည်တွေအနေနဲ့ ဝမ်းသာစရာတစ်ခုကတော့ ချစ်တင်းနှောခြင်းဟာ ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေတယ်ဆိုတဲ့ အချက်ပါပဲ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ချစ်တင်းနှောပေးရင် ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကယ်လိုရီတွေလည်း လောင်ကျွမ်းနိုင်ပါသတဲ့။

 

၅။ အသီးဖျော်ရည် Smoothie တွေလည်း အရမ်းမသောက်နဲ့ဦး။ သစ်သီးဖျော်တယ်ဆိုပေမဲ့ သကြားတွေ၊ နို့တွေ အများကြီး ထည့်ထားတာဆိုတော့ ကယ်လိုရီတွေ အရမ်းတက်ပါတယ်။

Source : The Sun

Share

Loading Next Article...
က္က