In partnership with  logo
အမျိုးသားတွေမှာရော သက်ရောက်မှုအပေါ် သုတေသီတွေက ဆက်လက်လေ့လာနေကြပါတယ်။

သစ်ပင်တွေရှိရာဧရိယာနားတဝိုက်မှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ အသက်ရှည်ရှည်နေနိုင်ကြပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်တယ်လို့ Harvard T.H. Chan School of Public Health နဲ့ Brigham and Women's Hospital က သုတေသီတွေ ပူးပေါင်းပြုလုပ်တဲ့ သုသေသနရလဒ်က ဖော်ပြလိုက်ပါတယ်။ လေ့လာမှုမှာတော့ အမျိုးသမီးပေါင်း ၁၀၈,၀၀၀ ဦး ပါဝင်ခဲ့ပြီး အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ အဓိက နာတာရှည်ရောဂါနဲ့ ပတ်သက်တဲ့ အချက်တွေကို လေ့လာခဲ့ကြတာပါ။

 

သစ်ပင်တွေနဲ့နီးတဲ့အရပ်မှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ သစ်ပင်တွေမရှိတဲ့နေရာမှာ နေထိုင်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် အသက်သေဆုံးနိုင်ခြေ ၁၂ % ပိုနည်းပါတာကို တွေ့ရှိရပါတယ်။ အပင်တည်ရှိမှု ပမာဏကိုတော့ သုတေသီတွေက ဂြိုဟ်တုပုံရိပ်တွေကနေ ဖမ်းယူကာ လေ့လာမှုမှာ ထည့်သွင်းတွက်ချက်ခဲ့ကြတာဖြစ်ပါတယ်။

see also 

သစ်ပင်နဲ့သဘာဝပေါက်ပင်တွေဟာ ရာသီဥတုပြောင်းလဲမှုကို သက်ရောက်စေနိုင်တာကို သိပြီးဖြစ်ပေမဲ့ အခုလေ့လာမှုကတော့ သစ်ပင်နဲ့သဘာဝပေါက်ပင်တွေဟာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့တွဲဘက်အကျိုးကျေးဇူးရှိကြောင်း လေ့လာမှုမှာ ပါဝင်တဲ့ သုတေသီ ပီတာဂျိမ်းစ်က ပြောပါတယ်။

 

ဒီအကျိုးဆက်နဲ့အလားတူ အမျိုးသားတွေမှာရော သက်ရောက်မှုအပေါ် သုတေသီတွေက ဆက်လက်လေ့လာနေကြပါတယ်။ စိမ်းလန်းတဲ့ဧရိယာတစ်ဝိုက်မှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ စိမ်းလန်းမှုနည်းပါးတဲ့နေရာဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် - ကျောက်ကပ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေ ၄၁ %  ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် အသက်သေဆုံးနိုင်ခြေ ၃၄% နဲ့ ကင်ဆာကြောင့် အသက်သေဆုံးနိုင်ခြေ ၁၃% ပိုမိုနည်းပါးတာကို တွေ့ခဲ့ရပါတယ်။

Source : CNN

Share

Loading Next Article...
က္က