In partnership with  logo
လက်ရှိအသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုကိုလည်း ကောင်းကောင်းသိတဲ့သူပါ။

မော်ဒယ်လောကမှာ ဆယ်စုနှစ်များစွာဖြတ်သန်းပြီး အသက် ၅၀ ကျော်မှာတောင် ဆွဲဆောင်မှုအပြည့်ရှိနေဆဲဖြစ်တဲ့ စင်ဒီကရော့ဖို့ဒ်ဟာ အသက်ကြီးလာတာ သူမအတွက် ဖိအားတွေမဖြစ်စေဘူးလို့ ဆိုလိုက်ပါတယ်။ လူတွေက အင်စတာဂရမ်မှာ စင်ဒီကို အရင်လောက်မလှတော့ဘူးလို့ ပြောနေခဲ့ကြတယ်။ အဲ့ဒီအတွက် သူမက New Beauty မဂ္ဂဇင်းကို ဖြေကြားသွားခဲ့ပုံလေးက တကယ်ပဲ နှစ်လိုဖွယ်ကောင်းပါတယ်။

 

"ကျွန်မ အသက် ၂၀ တုန်းကလို သွင်ပြင်မျိုး မဟုတ်တော့ဘူးဆိုတာ လူတိုင်းက ထောက်ပြနေစရာမလိုပါဘူး။ ကျွန်မဘာပဲလုပ်လုပ် ကျွန်မ အသက် ၂၀ ဒါမှမဟုတ် ၃၀ တုန်းကလို ပြန်ဖြစ်တော့မှာမဟုတ်ဘူး။"လို့ ဖြေပါတယ်။

see also 

"ကျွန်မ လေ့ကျင့်ခန်းလုပ်တယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ်၊ ကျွန်မရဲ့ အသားအရေကိုလည်း သေသေချာချာ ဂရုစိုက်ပါတယ်။ အသက်ဘယ်လောက်ရောက်နေနေ ကြည့်ကောင်းနေဖို့က အဓိကပဲလေ" လို့လည်း စင်ဒီကရော့ဖို့ဒ်က ပြောပါတယ်။

 

ရှေ့နှစ်ဆိုရင် သူမက အသက် ၅၁ နှစ် ပြည့်မှာပါ။ ခုချိန်ထိတော့ သူမရဲ့အလှဟာ တင့်တယ်ပြီး ဆွဲဆောင်မှုရှိနေတုန်းပါပဲ။

Source : Bazaar

 

Share

Loading Next Article...
က္က