In partnership with  logo
ခွဲခြားဖိနှိပ်မှုတွေ၊ ကျရှုံးမှုတွေက သူတို့ရဲ့ဇွဲနဲ့ဝီရိယကို လျော့ကျမသွားစေခဲ့ဘူး။

အမျိုးသမီးတစ်ဦးအဖြစ်နဲ့ လူ့လောကထဲကို ရောက်လာတာဟာ ဘာမှအားငယ်စရာမရှိဘူးနော်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အရာရောက် အောင်မြင်မှာပါပဲ။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေမှာလည်း အမျိုးသမီးတွေ ရှိနေပြန်တယ်လေ။ ဒီလိုမျိုး အားကျအတုယူစရာကောင်းတဲ့ အမျိုးသမီးတွေထဲကမှ ဟောလိဝုဒ်နယ်ပယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီး ၅ ဦးကို ပြောပြပါ့မယ်နော်။

၁။ Frances Marion

FMarion.jpg 

၂၀ ရာစုရဲ့ လူသိအများဆုံး အမျိုးသမီး ဇာတ်ညွှန်းရေးဆရာ(မ)ပါ။ ၁၉၁၅ ခုနှစ်ကနေ ၁၉၃၀ ခုနှစ်နှောင်းပိုင်းတွေမှာ ဇာတ်ညွှန်းအရေးရဆုံးဖြစ်ခဲ့ပါတယ်။ ထိုစဉ်က သူမရဲ့ တစ်ပတ်စာ ဝင်ငွေဟာ ဒေါ်လာ ၃၀၀၀ ရှိခဲ့ပြီး ယနေ့ခေတ်ကာလရဲ့ ဒေါ်လာ ၄၀၀၀၀ ထက် ပိုများတဲ့ ပမာဏပါ။ အော်စကာနှစ်ဆုရတဲ့ ပထမဆုံး စာရေးသူလည်း ဖြစ်ပါတယ်။

see also 

၂။ Edith Head

Edith Head.jpg 

အော်စကာဆု ၈ ကြိမ် ရဖူးတဲ့ Costume Designer ဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်တုန်းက သူမကို Paramount ကုမ္ပဏီက အလုပ်ခန့်တော့ ဘာလုပ်ရမယ်မှန်းတောင် မသိခဲ့ဘူး။ အလုပ်အင်တာဗျူးဖြေတော့ သူမရဲ့သူငယ်ချင်းဆီက ပုံကြမ်းတွေကိုငှားပြီး ဖြေရာက အောင်သွားတာ။ အဲ့ဒီနောက်သူမဟာ costume desigher အဖြစ်နဲ့ လုပ်ကိုင်ရာမှာ ရုပ်ရှင်ကားပေါင်း ၁၀၀၀ ကျော်အတွက် တာဝန်ယူဖန်တီးပေးခဲ့ပါတယ်။ စတူဒီယိုကြီးတစ်ခုရဲ့ ဒီဇိုင်နာချူပ်အဖြစ် တာဝန်ယူရတဲ့ ပထမဆုံးအမျိုးသမီးလည်း ဖြစ်လာပါတယ်။

၃။ Hattie McDaniel

H Mcdaniel.jpg 

မက်ဒန်နီရယ်ဟာ အကယ်ဒမီဆုရတဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်နွယ်ဖွား ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်တုန်းက Gone with the Wind ဇာတ်ကားနဲ့ ဆုရခဲ့ပါတယ်။ အကယ်ဒမီပွဲကိုလာတာတောင် သူမနဲ့ သူမရဲ့အစောင့်ဟာ ဖိအားပေးခံရတာကြောင့် သီးသန့်စားပွဲမှာ ထိုင်ခဲ့ရသူပါ။ အမေရိကမှာ ရေဒီယိုကနေပထမဆုံး သီချင်းဆိုခွင့်ရတဲ့ လူမည်းအမျိုးသမီးလည်းဖြစ်ပါတယ်။

၄။ Oprah Winfrey

Pioneering-Women-SS04.jpg 

ဝင်းဖရေးရဲ့ ဘဝကတော့ အားလုံးစံထားရလောက်အောင် သင်ခန်းစာကောင်းတစ်ခုဖြစ်ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ဘဝတိုက်ပွဲတွေကို ကျော်ဖြတ်ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သူပါ။ မြောက်အမေရိကရဲ့ ပထမဆုံးသော သန်းကြွယ်သူဌေး လူပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ကမ္ဘာတစ်ဝန်းလုံးက အာဖရိကန်-အမေရိကန်နွယ်ဖွားလူပုဂ္ဂိုလ်တွေထဲမှာ အကြွယ်ဝဆုံးလည်းဖြစ်ပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၃ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အမျိုးသမီးတွေအတွက် စိတ်ခွန်အားပေးနိုင်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။

 

၅။ Jane Fonda

jane.jpg 

အော်စကာဆု ၂ ဆု ရဖူးတဲ့ သရုပ်ဆောင်ဆိုတာကို ဖယ်ထားလိုက်ရင်တောင် ဂျိန်းဟာ အမျိုးသမီးတွေကြားမှာ ထင်ရှားသူတစ်ဦး ဖြစ်နေပြန်ပါသေးတယ်။ ကာယလေ့ကျင့်ခန်းတွေကို ဂီတနဲ့ပေါင်းစပ်ပြီး လှုပ်ရှားပြခဲ့တဲ့သူပါ။ အေရိုးဗစ်ကစားချိန်မှာ တီးလုံးသံလေးနဲ့အတူ ကိုယ်လက်လှုပ်ရှားတာကို သူမက ထွင်ခဲ့တာပေါ့။ ပြီးတော့ ဂျိန်းဟာ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြနိုင်အောင် Women's Media Center ကိုလည်း တွဲဖက်တည်ထောင်ခဲ့ပါသေးတယ်။

Source : Vanity Fair

Share

Loading Next Article...
က္က