In partnership with  logo
တင်ပါးအတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်နဲ့ကျောကိုပါ သက်ရောက်မှုရှိတာကို ခံစားမိပါလိမ့်မယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ တင်ပါးတွေ ကိတ်နေတာကို လိုချင်မှာပါ။ တင်းရင်းကြံ့ခိုင်တဲ့ တင်ပါးတွေဟာ ဆွဲဆောင်မှုရှိတယ်လေ။ ဒါတင်မကသေးပါဘူး။ ကျန်းမာရေး ရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း တင်ပါးတွေကိတ်လေလေ ပိုကောင်းလေလေပါပဲ။

 

၁။ တင်ပါးတွေ ကြံ့ခိုင်တင်းရင်းနေရင် ဝမ်းဗိုက်ကြွက်သားတွေကလည်း သန်မာပါတယ်။ နောက်ကျောဘက်ကလည်း သန်မာပါတယ်။ Gym မှာ တင်ပါးအတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်နဲ့ကျောကိုပါ သက်ရောက်မှုရှိတာကို ခံစားမိပါလိမ့်မယ်။

see also 

၂။ တင်းရင်းကြံ့ခိုင်တဲ့ တင်ပါးတွေက ကျန်းမာရေးလိုက်စားကြောင်း ပြသနေရာလည်း ရောက်ပါတယ်။ တင်ပါးအတွက် ထိုင်ထလေ့ကျင့်ခန်းလုပ်ရင် ပေါင်တံတွေပါ သွယ်လျကြံ့ခိုင်လာတယ်။ ခန္ဓာကိုယ်ကလည်း ပျော့ပျောင်းတယ်။

၃။ လေ့ကျင့်ခန်းတိုင်းဟာ နေ့စဉ်ပြုလုပ်ဖို့ သင့်လျော်ချင်မှ သင့်လျော်မှာပါ။ ဒါပေမဲ့ တင်ပါးလေ့ကျင့်ခန်းကတော့ နေတိုင်းလုပ်လို့ရပါတယ်။ လှေကားအတက်အဆင်းလုပ်တာတွေ၊ ထိုင်ထလုပ်တာတွေဟာ တင်ပါးကို ကြံ့ခိုင်စေပါတယ်။

 

၄။ တင်ပါးတွေ ကြံ့ခိုင်သန်မာနေရင် ဒူးတွေကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ တင်ပါးလေ့ကျင့်ခန်းလုပ်တဲ့အခါ ဒူးတစ်ဝိုက်ကို ထောက်ပံ့ထားတဲ့ ကြွက်သားတွေပါ သန်မာသွားပါတယ်။ ပြေးတဲ့အခါမှာလည်း ဒူးကို ဒဏ်ဖြစ်မှု နည်းသွားစေတယ်။

 

၅။ ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေရဲ့ ခြေထောက်နဲ့ပေါင်တွင်းပိုင်းကြွက်သားတွေဟာ အမျိုးသားတွေထက် ပိုပြီးသန်မာပါတယ်။ တင်ပါးနဲ့ပေါင်တံတွေ သန်မာနေရင် ရန်ပြုမှုတွေကြုံလာတဲ့အခါ ပိုပြီးထိထိရောက်ရောက် တုန့်ပြန်နိုင်မှာဖြစ်ပါတယ်။

Source : Shape

Share

Loading Next Article...
က္က