In partnership with  logo
အောင်မြင်သူတစ်ယောက် ဖြစ်ချင်ရင် အောင်မြင်သူတွေမှာ ရှိတတ်တဲ့ အမူအကျင့်လေးတွေကိုတော့ သိထားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့ စီးပွားရေးသမား အမျိုးသား၊ အမျိုးသမီးတွေ၊ စွန့်ဦးတီထွင်သူတွေ အများကြီးပါပဲ။ သူတို့ကို အားကျပြီး တစ်နေ့မှာ သူတို့လို အောင်မြင်ချင်လိုက်တာ ဆိုတဲ့ အတွေးလည်း လူတိုင်းမှာ ရှိကြမှာပါပဲ။ တကယ်တော့ အောင်မြင်သူတစ်ယောက် ဖြစ်ချင်ရင် အောင်မြင်သူတွေမှာ ရှိတတ်တဲ့ အမူအကျင့်လေးတွေကိုတော့ သိထားရမှာဖြစ်ပါတယ်။ အောင်မြင်သူတွေမှာ ရှိတတ်တဲ့ အမူအကျင့်လေးတွေကတော့...

၁။ ပြင်းပြတဲ့ဆန္ဒ

205395652-secretary-job-answering-charm-ambition.jpg 

အောင်မြင်သူတွေဟာ သူတို့ရဲ့အိမ်မက်တွေဆီ အရောက်သွားဖို့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းကြပါတယ်။ အဲဒီအားထုတ်မှုရဲ့ နောက်ကွယ်မှာ မှန်ကန်ပြင်းပြတဲ့ ဆန္ဒလေးလည်း ကပ်ပါနေဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် မိမိတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်နေတဲ့လူတွေကတော့ ပြင်းပြတယ်ဆိုတာထက်ပိုတဲ့ ဆန္ဒတစ်ခု ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။

တစ်နည်းအားဖြင့် အောင်မြင်မှုကို ရေဆာသလို ဆာလောင်မွတ်သိပ်နေရမှာဖြစ်ပြီး အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်ဖို့ အားထုတ်ချင်စိတ်အပြည့် ရှိရမှာဖြစ်ပါတယ်။

၂။ သန္နိဋ္ဌာန်ခိုင်မာခြင်း

ပြင်းပြတဲ့ဆန္ဒနဲ့အတူ ကပ်ပါလာတာကတော့ သန္နိဋ္ဌာန်ခိုင်မာမှုပါပဲ။ စီးပွားရေးလုပ်ပြီဆိုရင်၊ ဒါမှမဟုတ် အောင်မြင်မှုလမ်းကြောင်း ပေါ်ကို တက်လှမ်းတော့မယ်ဆိုရင် အခက်အခဲတွေကတော့ ကြုံရမှာပါပဲ။ အောင်မြင်သူတွေဟာ အခက်အခဲတွေကို နောက်မတွန့်ဘဲ ရင်ဆိုင်ကျော်လွှားတတ်ပါတယ်။ အခက်အခဲတွေဆိုတာ ကိုယ့်ကို ပိုမိုထက်မြက်အောင် သွေးပေးမယ့် ဓားသွေးကျောက်တွေလု့ိ မြင်တတ်ကြပါတယ်။ အောင်မြင်မှုဆိုတာ ပန်းတိုင်ဆိုရင် ခိုင်မာတဲ့ သန္နိဋ္ဌာန်ဆိုတာ အောင်မြင်မှုဆီကို သွားရမယ့်လမ်းကြောင်းပါပဲ။

၃။ အရှိကို အရှိအတိုင်းမြင်တတ်ခြင်း

pos.jpg 

အကောင်းမြင်စိတ်ရှိတာ ကောင်းပါတယ်။ နေရာတကာမှာ အဆိုးမြင်စိတ်ရှိတဲ့လူတစ်ယောက်ကလည်း အောင်မြင်မှုနဲ့ အလှမ်းဝေးနေမှာပါပဲ။ ဒါပေမယ့် နေရာတကာမှာ အကောင်းမြင်လွန်းပြန်ရင် အောင်မြင်မှုဆီကို ရောက်ရှိဖို့ နှောင့်နှေးနေပါလိမ့်မယ်။ အခြေအနေတစ်ခုမှာ ဘာတွေဖြစ်နေသလဲ။ ဘာတွေလိုအပ်နေသလဲဆိုတဲ့ အခြေအနေမှန်ကို အရှိကို အရှိအတိုင်း မြင်တတ်ဖို့ကလည်း အထူးအရေးကြီးပါတယ်။

၄။ ယုံကြည်ချက်တွေ သွေဖယ်မှုမရှိခြင်း

လေးဖြူရဲ့ယုံကြည်ရာသီချင်းထဲကလိုပေါ့။ ကိုယ်ယုံကြည်ထားတဲ့ အရာတစ်ခုကို ဘာအခက်အခဲတွေပဲ ရှိရှိ တစိုက်မတ်မတ် လျှောက်လှမ်းချင်လိုစိတ် ရှိရမှာပါ။ ဒီလိုမဟုတ်ဘဲ ဘေးစကားတွေ ဝင်လာတိုင်း နားယောင်ပြီး စိတ်ပြောင်းတတ်တယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမှာပါပဲ။

၅။ ကူညီရိုင်းပင်းတတ်ခြင်း

business-owner-confidence.jpg 

အောင်မြင်သူတွေဆိုတာ ကိုယ့်ကိုယ်ကိုယ်ထင်တစ်လုံးနဲ့ ဘေးဘီကိုမကြည့်တတ်တဲ့ လူ့ဂွစာတွေချည်း မဟုတ်ပါဘူး။ သူတိုု့ဟာ sharing is caring (မျှဝေခြင်းဖြင့် ဂရုစိုက်ပြပါ) ဆိုတဲ့ သဘောတရားကို နားလည်ကြပြီး သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ client တွေ၊ မိသားစုဝင်တွေကို ကူညီဖေးမလေ့ရှိကြပါတယ်။ ဒီလိုမျှဝေခြင်းဖြင့် သူတို့ရဲ့အောင်မြင်မှု ပိုမိုတောက်ပလာမယ် ဆိုတာကိုလည်း ကောင်းကောင်းနားလည်ကြပါတယ်။

see also 

၆။ အပြန်အလှန်လေးစားမှုရှိခြင်း

အပြန်အလှန်လေးစားမှုဆိုတာ လူ့ကျင့်ဝတ်အခြေခံ သဘောတရားတစ်ခုဖြစ်ပြီး စီးပွားရေးလောကထဲမှာ ပိုမိုလိုအပ်ပါတယ်။ ကိုယ်က ဋ္ဌာနအကြီးအကဲဖြစ်ပြီး ဋ္ဌာနကိုခုမှဝင်လာတဲ့ အငယ်တန်းစာရေးလေးနဲ့ ဆက်ဆံရမယ်ဆိုရင်တောင် အပြန်အလှန်လေးစားမှုတစ်ခုကို ထားရှိရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်ကို လေးစားလာမှာဖြစ်ပြီး အလုပ်ပိုမိုတွင်ကျယ်လာလို့ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

၇။ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်နိုင်ခြင်း

ThinkstockPhotos-537261000-1200x545_c.jpg 

အောင်မြင်သူတစ်ယောက်ဆိုတာ မျက်စိရှေ့ကိုရောက်လာတဲ့ အခွင့်အလမ်းတစ်ခုကို ဘယ်တော့မှ လက်လွတ်မခံတတ်ပါဘူး။ ဘယ်အချိန်မှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်မလဲ ဆိုတာကို ကောင်းကောင်းသိသလို ရရှိလာတဲ့ အခွင့်အလမ်းတွေကို အသုံးချပြီး ပိုမိုကြီးမားလာအောင် ဘယ်လိုဖန်တီးရမလဲဆိုတာကိုလည်း သိရှိကြပါတယ်။

၈။ သင်ခန်းစာယူတတ်ခြင်း

လူတိုင်းမှာ အမှားတွေရှိမယ်။ အောင်မြင်သူနဲ့ ကျရှုံးသူ မတူညီတဲ့အချက်ကတော့ ကျရှုံးသူက အတိတ်ရဲ့အမှားတွေ၊ နောင်တတွေထဲမှာ နစ်မြုပ်နေခဲ့ပြီး ကျန်ခဲ့မယ်။ အောင်မြင်သူကတော့ အရာရာတိုင်းကို သင်ယူလိုစိတ်အပြည့်နဲ့ အမှားတွေကနေ သင်ခန်းစာယူတတ်ပါတယ်။ ကျရှုံးခြင်းဆိုတာကိုလည်း မကောင်းတဲ့အရာတစ်ခုလို မမြင်ဘဲ အောင်မြင်မှုဆီ ရောက်ရှိဖု့ိအတွက် မဖြစ်မနေ နင်းတက်ရမယ့် လှေကားထစ်တစ်ခုလို မြင်တတ်ကြပါတယ်။

၉။ စူးစမ်းလေ့လာချင်စိတ် အပြည့်ရှိခြင်း

business-woman-min-1024x683.jpg 

Steve Jobs မှာသာ စူးစမ်းလေ့လာချင်စိတ်မရှိရင် makintosh နဲ့ i-device တွေ ပေါ်လာမှာမဟုတ်သလို Zuckerberg မှာသာ စူးစမ်းလေ့လာချင်စိတ် မရှိရင် ကျွန်တော်တို့ အခုသုံးနေတဲ့ Facebook ဆိုတာကြီး ပေါ်လာမှာမဟုတ်ပါဘူး။ အောင်မြင်သူတွေမှာ တူညီတဲ့အချက်တစ်ချက်ကတော့ သူတို့ရဲ့ တီထွင်ဖန်တီးဉာဏ်တွေကို အထူးကောင်းမွန်စေတဲ့ စူးစမ်းလေ့လာလိုစိတ် ပါပဲ။

Source: Reader's Digest

 

Share

Loading Next Article...
က္က