In partnership with  logo
သူမရဲ့ အင်စတာဂရမ်အကောင့်ဟာ ထင်မှတ်မထားဘဲ လူသိများလာခဲ့ပြီး သူမရဲ့ဘဝကိုလည်း လူတွေက စိတ်ဝင်စားလာကြတယ်လေ။

အင်စတာဂရမ်ကို သုံးသူတွေအနေနဲ့ သူမရဲ့အင်စတာဂရမ်အကောင့်ကို မြင်ဖူးချင် မြင်ဖူးကြမှာပါ။ သူမက စတားလေ။ ပြာလဲ့လဲ့မျက်ဝန်း၊ ရွှေရောင်ကေသာနဲ့ ဓာတ်ပုံရိုက်တိုင်း ပို့စ်အမိုက်စားလေးတွေ ပေးတတ်လို့လည်း သူမကို follow လုပ်သူတွေ များပါတယ်။

 

ဒတ်ချ်နိုင်ငံဖွား အင်စတာဂရမ်စတားလေး Lindy Mariëlle Kats ဟာ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ လေယာဉ်ပိုင်းလော့တစ်ဦးဖြစ်ပါတယ်။ သူမရဲ့အင်စတာဂရမ်အကောင့်မှာ follower ပေါင်း 84,000 ကျော် ရှိပါတယ်။ လေယာဉ်မောင်းပြီး ကမ္ဘာအနှံ့ကို ခရီးတွေသွားက ပို့စ်အလန်းစားတွေကို အင်စတာဂရမ်မှာ တင်လေ့ရှိတာကြောင့်လည်း သူမကို ချစ်ခင်သူ ပေါများပါတယ်။ ပုံတွေတိုင်းမှာ အထာကျကျလေး ပို့စ်ပေးထားမှတော့ အားလုံးက ကြွေပြီပေါ့။

see also 

"ခရီးသည်တစ်ဦးအနေနဲ့ လေယာဉ်စီးရတာကို အမြဲတမ်း နှစ်သက်ပါတယ်။ ဒါပေမဲ့ ပိုင်းလော့တစ်ယောက်ဖြစ်လာဖို့ကျတော့ အရမ်းခက်ခဲပြီး တန်ဖိုးကြီးတယ်လို့ ကျွန်မထင်တယ်" လို့ လင်ဒီက ဆိုပါတယ်။ လိုအပ်တဲ့လေ့လာမှုတွေ၊ ပိုင်းလော့တွေနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ပြီးနောက်မှာ သူမ ပိုင်းလော့တစ်ဦးဖြစ်လာဖို့ မဖြစ်နိုင်စရာမရှိဘူးလို့ ယုံကြည်ခဲ့သူပါ။ ကြိုးကြိုးစားစားလုပ်ဖို့၊ များများလေ့လာဖို့နဲ့ စိတ်ကိုနှစ်မြှုပ်ထားဖို့ပဲ လိုပါတယ်လို့ သူမက ပြောသေးတယ်။

 

အင်စတာဂရမ်ပေါ်မှာ ပုံတွေတင်တာက မိသားစု၊ သူငယ်ချင်းတွေနဲ့ဝေးရာကို ရောက်နေတာမို့လို့ သူမ ဘယ်တွေရောက်နေတယ်ဆိုတာကို သိရအောင် ပုံတွေတင်ပေးခဲ့ရုံပါပဲ။ ဒါပေမဲ့ သူမရဲ့ အင်စတာဂရမ်အကောင့်ဟာ ထင်မှတ်မထားဘဲ လူသိများလာခဲ့ပြီး သူမရဲ့ဘဝကိုလည်း လူတွေက စိတ်ဝင်စားလာကြတယ်လေ။

 

သူမ လုပ်နေတဲ့ အလုပ်ကို လူတွေစိတ်ဝင်စားလာတဲ့အတွက် ဝမ်းသာပေမဲ့ ဟန်ပြရုံသက်သက်အတွက်နဲ့တော့ ပို့စ်တွေ တင်မှာမဟုတ်ဘူးလို့ လင်ဒီက ပြောသေးတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူဖြစ်တာရယ်၊ အင်စတာဂရမ်မှာက ပုံတင်လို့ကောင်းတာရယ်ကြောင့်သာ ပုံတွေတင်ဖြစ်နေတာပါလို့ ပိုင်းလော့ချောချောလေးက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

 

Source : Mail Online

Photo : pilot_lindy


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က