In partnership with  logo
အမျိုးသမီးငယ်လေးတွေဟာ အမျိုးသားငယ်လေးတွေနဲ့ ယှဉ်လိုက်ရင် သူတို့ထက် ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ အရာလေးတွေ ရှိနေပါသေးတယ်။

၂၀၁၁ ခုနှစ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ အောက်တိုဘာ (၁၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ငယ်လေးများနေ့ (International day of the girl) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီနေ့လေးကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးငယ်လေးတွေရဲ့ လိုအပ်ချက်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖော်ထုတ်ဖို့ရယ်၊ သူတို့လေးတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ အရည်အသွေးတွေကို ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်လာစေဖို့ တို့ပဲ ဖြစ်ပါတယ်။

 

တကယ်တမ်းမှာလည်း ကမ္ဘာတဝှမ်းက အမျိုးသမီးငယ်လေးတွေဟာ အကြမ်းဖက်ခံရမှုတွေ၊ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို မရရှိမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးငယ်လေးတွေဟာ အမျိုးသားငယ်လေးတွေနဲ့ ယှဉ်လိုက်ရင် သူတို့ထက် ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ အရာလေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့...

၁။ Multitasking လုပ်နိုင်ခြင်း

o-MULTI-TASK-facebook.jpg 

Multitasking လုပ်တယ်ဆိုတာ တစ်ချိန်တည်းမှာပဲ ကိစ္စအများကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းပါပဲ။ တကယ်ဟုတ်မဟုတ် သိချင်ရင် မိမိရဲ့ ဆယ်ကျော်သက်ညီမလေး သူ့သူငယ်ချင်းတွေနဲ့ ချက်တင်ထိုင်နေတာကို ဘေးကနေ မသိမသာ အကဲခတ်ကြည့်လိုက်ပါ။ Account ပေါင်းများစွာကို တစ်ယောက်တည်း ဒိုင်ခံစကားပြန်နေပြီး စာရိုက်စကေးလ် ဘယ်လောက်မြန်တယ်ဆိုတာကိုပါ တွေ့မြင်ရမှာပါ။

ဒီလိုု Multitasking လုပ်နိုင်တဲ့ စကေးလ်တွေက အမျိုးသားငယ်လေးတွေထက်သာပြီး စာသင်ခန်းထဲမှာ အသုံးဝင်လာပါတယ်။ နောက်ပြီး Multitasking လုပ်နိုင်တဲ့သူတွေဟာ ကိစ္စတော်တော်များများမှာ စည်းစနစ်ကျပြီး ပညာသင်ကြားရာမှာလည်း ပို အသုံးဝင်စေပါတယ်။ ဒါကြောင့်လည်း ငယ်ငယ်တုံးက အတန်းထဲမှာ အဆင့် (၁)၊ (၂)၊ (၃) နေရာကို မိန်းကလေးတွေချည်း ဦးဆောင်ထားတာပါ။ နောက်ပြီး သူတို့ရဲ့ ကျောင်းစာအုပ်တွေဟာ သပ်ရပ်ပြီး သင်ခန်းစာမှတ်စုတွေကို စနစ်တကျ မှတ်သားထားနိုင်တာပါ။

၂။ သနားကရုဏာစိတ်

woman-comforting-friend-1200x800.jpg 

ဒီတစ်ခုကတော့ သိသာထင်ရှားပါတယ်။ မိန်းကလေးတွေဟာ မွေးရာပါမိခင်စိတ်ရှိတော့ သနားကရုဏာစိတ်မှာ အမျိုးသားငယ်လေးတွေထက် ပိုသာပါတယ်။ ဒါ့အပြင် သူတို့ဟာ ရက်ရောမှုနဲ့ သဒ္ဒါစိတ်မှာလည်း ပိုသာပါသေးတယ်။ ဒါကြောင့် ယောကျ်ားလေးတွေ ဘိုင်ပြတ်နေရင် သူငယ်ချင်းကောင်မလေးတွေကို ကပ်ကြတာပါ။

ငိုပြနိုင်ရင် ပိုက်ဆံချေးလို့ရရင်ရ၊ မရရင် မုန့်ဝယ်ကျွေး ပါလိမ့်မယ်။ ဒါ့အပြင် သူငယ်ချင်းတွေ အသည်းကွဲလာလို့ တိုင်ပင်ချင်ရင်လည်း မိန်းကလေးတွေကပဲ ရှေ့ဆုံးက ဒိုင်ခံနားထောင်ပေး၊ အကြံတွေပေးကြတာပါ။

၃။ ဒဏ်ရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု

stressed-woman.jpg 

အခြေခံအကျဆုံး အချက်တစ်ချက်ကိုပြောရရင် မိန်းကလေးတွေဟာ အနည်းဆုံး တစ်လကို တစ်ကြိမ်တော့ ဓမ္မတာလာခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ကိုင်တွယ်ဖြေရှင်းရပါတယ်။ ဒီအချက်ကို ဖယ်ရှားမယ်ဆိုရင်တောင်မှ မိန်းကလေးတွေဟာ ယောကျ်ားလေးတွေထက် ပိုအားနည်းတယ်ဆိုပေမယ့် နာကျင်မှုဝေဒနာကို ယောကျ်ားလေးတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြပါတယ်။ အသည်းကွဲပြီဆိုရင်လည်း မိန်းကလေးတွေက ယောကျ်ားလေးတွေထက် ပိုပြီးမြန်မြန် recover ဖြစ်ပါတယ်။

See also: 

၄။ အင်တာဗျူးဖြေရင် အောင်နိုင်ခြေ

84a72489-6dc1-4749-a85f-d2784b388414_IT_job_interview_Fotolia_13405170_Subscription_L.jpg 

အလုပ်အင်တာဗျူးတွေ၊ ကောလိပ်အင်တာဗျူးတွေဟာ ဘဝအတွက် အရေးကြီးပြီး ပထမဦးဆုံးအကြိမ်မှာ ဘယ်သူမဆို တုန်လှုပ်မိကြမှာပါပဲ။ ဒါပေမယ့် အင်တာဗျူးဖြေပြီဆိုရင် အောင်နိုင်ခြေက မိန်းကလေးနဲ့ ယောကျ်ားလေး ယှဉ်လာရင် မိန်းကလေးတွေက ပိုသာကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အင်တာဗျူးဖြေရမှာကို ယောကျ်ားလေးတွေထက် ပိုမိုကြောက်ရွံ့ကြတဲ့အတွက် မဖြေခင်မှာ ကြိုတင်ပြင်ဆင်မှုတွေကို ပိုမိုပြုလုပ်ကြပါတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

၅။ ကျန်းမာရေးလိုက်စားမှု

young-fitness-girl-running-up-the-stairs-picjumbo-com.jpg 

အမျိုးသားတွေမှာ ပါဝင်တဲ့ testostrone ဆိုတဲ့ လိင်စိတ်ဟော်မုန်းတွေကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုနာမကျန်းဖြစ်လွယ်ကြပါတယ်လို့ ဆိုထားပါတယ်။ အမျိုးသမီးတွေမှာလည်း testosterone ပါဝင်တယ်ဆိုပေမယ့် ဒီဟော်မုန်း ပိုများများပါလေလေ၊ ကိုယ်ခံအားကျလေလေ ပါပဲတဲ့။ ဒါ့အပြင် ကျန်းမာရေးလိုက်စားမှုမှာလည်း အမျိုးသမီးတွေက ပိုမို အားထုတ်လေ့ရှိကြပါတယ်။

၆။ သင်ယူမှုစွမ်းရည်

student.concentrating.notes_.jpg 

သိပ္ပံနည်းကျ သုတေသနတွေအရ အမျိုးသမီးတွေဟာ သင်ယူမှုစွမ်းရည် ပိုမိုမြင့်မားသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ သုတေသနတွေအရဆိုရင် ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးတွေဟာ အတန်းထဲမှာ ပိုမိုတက်ကြွလေ့ရှိပြီး အဲဒီအချက်က သူတို့ကို ပညာရေးလမ်းကြောင်းမှာ လိုအပ်တဲ့ ရင်းမြစ်တွေကို ပိုမိုစုဆောင်းမိစေဖို့လည်း အကူအညီပေးနိုင်ပါတယ်။

ဘယ်သူစခဲ့မှန်းမသိတဲ့ အရပ်သုံးစကားအရ "ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ပိုဉာဏ်ကောင်းတယ်" လို့ဆိုကြပေမယ့် ဒီလို ယုတ္တိမရှိတဲ့ စကားကို လွယ်လွယ်နဲ့ နားမယောင်လိုက်ပါနဲ့ဦး။ တကယ့် တကယ်မှာ မိန်းကလေးတွေကပဲ ပညာရေးမှာ ပိုမိုအောင်မြင်ကြပါတယ်။

Source: Gurl

 

Share

Loading Next Article...
က္က