In partnership with  logo
လူတွေက ကျွန်မကို ဟောင်နေတဲ့ အရူးတစ်ယောက်လို့ ထင်ချင်ထင်လိမ့်မယ်။

အိမ်ထောင်ဖက်အဖြစ် စံထားသတ်မှတ်တဲ့ အမျိုးသားကို ရှာမတွေ့နိုင်တော့တဲ့အဆုံးမှာ အပျိုကြီးလုပ်မလား၊ အဆင်ပြေဆုံးတစ်ယောက်ကိုပဲ ရွေးမလား။ ဒါကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ့နော်။ Callaghan ဆိုတဲ့ အမျိုးသမီးလိုတော့ မလုပ်နဲ့ဦး။ သူက ယောက်ျားယူမယ့်အစား မွေးထားတဲ့ခွေးနဲ့ ပြန်လက်ထပ်ထားတာတဲ့။

 

အိုင်ယာလန်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် Wilhelmina Morgan Callaghan ဆိုသူဟာ သူမ မျှော်မှန်းတဲ့ ပြီးပြည့်စုံတဲ့ယောက်ျားဆိုတာ တည်ရှိမနေမှန်း သိလိုက်ရပြီးနောက် သူမရဲ့အချစ်တော်ခွေးလေး ဟင်နရီနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ခုဆို ဟင်နရီနဲ့လက်ထပ်ထားတာ ၈ နှစ်တောင် ရှိပြီလို့ သူမက ပြောပါတယ်။

see also 

ဟင်နရီဟာ ယော့ခ်ရှိုင်းယားတယ်ရီယာအမျိုးအစား ခွေးလေးဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက သူမရဲ့သူငယ်ချင်းတစ်ဦးက သူမကို လက်ဆောင်အဖြစ်ပေးခဲ့တာပါ။

 

"ကျွန်မ ရင်ခွဲရုံကအလုပ်လည်း လက်လွှတ်ခဲ့ရတယ်။ အလောင်းဆေးစိမ်တဲ့အလုပ်ကို freelance အနေနဲ့လုပ်ခဲ့တယ်။ ပိုက်ဆံလည်း အများကြီးမရပါဘူး။ ပြီးတော့ ကျွန်မအိမ်လည်း ရေမြုပ်သွားတယ်။ ဒါပေမဲ့ ဟင်နရီက အဲ့ဒီအချိန်တွေမှာ တောက်လျှောက်ရှိနေပေးခဲ့တယ်။ သူက အရမ်းသစ္စာရှိတာ" လို့ Callaghan က ဆိုတယ်။ အိမ်မှာ တခြားခွေးတွေလည်း မွေးထားပါသေးတယ်။ အဲ့ဒီထဲမှာမှ ဟင်နရီက ဖော်ရွေတတ်ဆုံးလို့လည်း သူမက ဆက်လက်ပြောပါသေးတယ်။

 

သူမအနေနဲ့ ဟင်နရီကို လက်ဆောင်ရပြီနောက်မှာ အချစ်တော်တိရစ္ဆာန်လေးတွေနဲ့လက်ထပ်တဲ့အကြောင်းတွေကို အွန်လိုင်းမှာ ဖတ်မိပြီး စိတ်ဝင်စား အားကျခဲ့ရာကနေ ဟင်နရီနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဟင်နရီကိုလည်း အတိုကောက် Ri (ရီ) လို့ ခေါ်တယ်။ ရီဆိုတာ ရှေးဟောင်း Gaelic ဘာသာစကားမှာ ဘုရင်လို့ အဓိပ္ပာယ်ရတယ်။ သူမအတွက်တော့ ဟင်နရီက ဘုရင်ပါပဲတဲ့လေ။

 

ဟင်နရီနဲ့ Callaghan တို့ရဲ့ လက်ထပ်ကြောင်းအသိအမှတ်ပြုလက်မှတ်ကိုတော့ ဝက်ဘ်ဆိုက်တစ်ခုက ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒါက တရားဝင်တော့ မဟုတ်ပါဘူး။ လူတွေက သူမကို ဟောင်နေတဲ့အရူးတစ်ယောက်လို့ မြင်နေကြပေမဲ့ သူမအတွက်တော့ ဟင်နရီက ပြီးပြည့်စုံပါတယ်လို့ Callaghan က ပျော်ပျော်ကြီး ဆိုပါတယ်။

Source : Metro

Share

Loading Next Article...
က္က