In partnership with  logo

ဘရတ်ပစ်နဲ့ အိမ်ထောင်ရေးပြိုကွဲသွားပြီးနောက်မှာ ဂျိုလီဟာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပါတယ်။ Harper's Bazaar မဂ္ဂဇင်းနဲ့ နှစ် ၁၅၀ မြောက် အထူးထုတ်မှာတော့ ဂျိုလီကို လှလှပပနဲ့ ပြန်ပြီး တွေ့မြင်လာရပါတယ်။ မဂ္ဂဇင်းရဲ့ အထူးထုတ်မှာ ပါဝင်ထားတဲ့ ဂျိုလီက အလှဓာတ်ပုံတွေနဲ့အတူ အမျိုးသမီးတွေအတွက် တန်းတူညီမျှ အခွင့်အရေးရဖို့ကိုလည်း ပြောသွားခဲ့ပါတယ်။

 

Bazaar မဂ္ဂဇင်း စတင်ဖြန့်ချိန်တော့ ပြည်တွင်းစစ်အပြီး ၂ နှစ်အကြာ (၁၈၆၇ ခုနှစ်) မှာပါ။ ထိုစဉ်က ကားတွေ၊ ခေတ်မီဆေးဝါးတွေ၊ လျှပ်စစ်မီးတွေ မရှိခဲ့သလို လူအများစုဟာ အသက် ၅၀ ကျော်ပြီး မနေကြရပါဘူး။ အမျိုးသမီးတွေဆိုလည်း မီးဖွားရင်းသေကြတာများနေခဲ့တယ်။ ၁၉ ရာစုမှာတော့ အနောက်နိုင်ငံအများစုမှာဆိုရင် အမျိုးသမီးတွေက တက္ကသိုလ်ကို သွားခွင့်မရကြပါဘူး။ ဆေးပညာ၊ သိပ္ပံပညာနဲ့ ဥပဒေပညာရပ်တို့မှာ ပရော်ဖက်ရှင်နယ်အဖြစ် မရပ်တည်နိုင်ဘူး။

 

ရာစုနှစ်တစ်ဝက်လောက်ထိ နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေက မဲပေးခွင့်မရဘူး၊ အဲ့ဒီအခွင့်အရေးအတွက်လည်း အနိုင်မရကြပါဘူး။ ၁၉ ရာစုခေတ်က အမျိုးသမီးတစ်ဦးကြုံခဲ့ရတဲ့ တန်းတူညီမျှမှုမရှိခဲ့တာမျိုးဟာ လက်ရှိမှာလည်း ကမ္ဘာတစ်ဝန်းက အမျိုးသမီးနဲ့ မိန်းကလေးပေါင်း ၁၀ သန်းလောက် ကြုံတွေ့နေရတုန်းပါပဲ။ မိသားစုအတွက် အလုပ်လုပ်ရတဲ့ မိန်းကလေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားတဲ့ မိန်းကလေးတွေရှိနေတုန်းပါပဲ။ အဲ့ဒီအတွက် အမျိုးသမီးတွေ တန်းတူညီမျှ အခွင့်အရေးရဖို့၊ ပိုကောင်းတဲ့အနာဂတ်သစ်တစ်ခုကို ပြုလုပ်ဖို့အတွက် ဂျိုလီက တိုက်တွန်းထားပါတယ်။

 

အိမ်ထောင်ရေးမပြေလည်စဉ်က အလွန်အမင်းပိန်ချုံးသွားခဲ့တဲ့ ဂျိုလီဟာ Bazaar မဂ္ဂဇင်းထဲမှာတော့ ယခင်ကလို တင်းရင်းစိုပြေပြီး ဆွဲဆောင်မှုအပြည့်နဲ့ ရှိနေခဲ့ပါတယ်။ ပုံတွေတိုင်းမှာ ဂျိုလီရဲ့အလှက နှစ်လိုဖွယ်ကောင်းနေတာ တွေ့ရပါတယ်။

 

ပုံတွေကိုတော့ နမ်မီးဘီးယားနိုင်ငံက Namib သဲကန္တာရထဲမှာ ကျားသစ်တွေနဲ့အတူ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ နမ်မီးဘီးယားလူမျိုးတွေနဲ့လည်း ခင်မင်ရင်းနှီးစွာ စကားပြောနေဟန်တွေလည်း တွေ့ရပါတယ်။ နမ်မီးဘီးယားဟာ သူမအတွက်တော့ သူစိမ်းဆန်တဲ့အမည်မဟုတ်ပါဘူး။ မွေးစားသမီး ရှိုင်းလော့ရဲ့ မွေးရပ်ဇာတိမို့လို့ပါပဲ။

 

အန်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်လည်း ဖြစ်သလို Preventing Sexual Violence in Conflict Initiative အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ The Breadwinner အမည်ရှိ ကာတွန်း animation ဇာတ်ကားကိုလည်း ထုတ်လုပ်ထားပါတယ်။ ဒီဇာတ်ကားဟာParvana ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် အာဖဂန်နစ္စတန်သူလေးတစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။ မိန်းကလေးတွေ အလုပ်လုပ်ခွင့်မရှိ၊ ကျောင်းတက်ခွင့်မရှိတဲ့အရပ်မှာ မိသားစုကိုလုပ်ကျွေးဖို့ ယောက်ျားလေးဟန်ဆောင်ပြီး အလုပ်လုပ်ခဲ့သူလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ နိုဝင်ဘာ ၁၇ ရက်မှာ ရုံတင်မယ်လို့လည်း သိရပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က