In partnership with  logo
အခက်အခဲနဲ့ ပိတ်ဆို့တားမြစ်မှုတွေ ရှိနေသည့်တိုင် အောင်မြင်မှုကို အရယူဖို့အတွက် ရှရာဗိုပါက အားကျစရာလူတစ်ယောက်ပါ။

ရုရှားတင်းနစ်အကျော်အမော် မာရီယာ ရှရာဗိုပါဟာ တားမြစ်ဆေးဝါး အသုံးပြုထားကြောင်း စစ်ဆေးဖော်ထုတ်ခံရပြီးနောက် ၁၅ လကြာ တင်းနစ်ကစားခွင့် အပိတ်ခံခဲ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်း တင်းနစ်မယ်အဖို့ တင်းနစ်ကစားခွင့်မရတာက သူမအတွက်တော့ အတော်လေး စိတ်ဒုက္ခရောက်ခဲ့ရမှာပါ။ ဒါ့အပြင် ဒဏ်ရာပြဿနာကိုပါ ထပ်ကြုံရခဲ့ပါသေးတယ်။ အသက် ၃၀ အရွယ် ရှရာဗိုပါရဲ့ အောင်မြင်မှုတွေကို အဲ့ဒီအရာနှစ်ခုလုံးက မတားဆီးနိုင်ခဲ့ပါဘူး။ သူမက အောင်မြင်မှုတွေကို သိမ်းပိုက်လိုက်ပြန်ပါပြီ။

 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ကျင်းပခဲ့တဲ့ တီယန်ကျင်း အိုးပင်း  (Tianjin Open) တင်းနစ်ပြိုင်ပွဲကို အဆင့်ဆင့် ဖြတ်ကျော်လာပြီးနောက် ဗိုလ်လုပွဲမှာ Aryna Sabalenka ကို အနိုင်ရကာ ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူမကို တင်းနစ်ကစားခွင့် ပိတ်ခဲ့တာနဲ့ ဒဏ်ရာပြဿနာကြောင့် ၂၉ လလောက် နိုင်ပွဲတွေပျောက်နေခဲ့ရပါတယ်။

see also 

 

တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာတော့ ဘီလာရုစ်တင်းနစ်မယ်ကို ၇-၅ ၊ ၇-၆ (၈) နဲ့ အနိုင်ရကာ တစ်ကျော့ပြန်အောင်မြင်မှုတွေကို ယူလိုက်တာဖြစ်ပါတယ်။ ရှရာဗိုပါအနေနဲ့ ၂၀၁၅ ခုနှစ် မေလက အီတာလျံအိုးပင်း (Italian Open) ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ဆုဖလားပြန်ရတာလည်းဖြစ်ပါတယ်။

 

ဂရန်းဆလမ်းချန်ပီယံဆု ၅ ကြိမ် ဆွတ်ခူးထားတဲ့ ရုရှားတင်းနစ်မယ်ဟာ meldonium ပါဝင်တဲ့ တားမြစ်ဆေးဝါးတစ်မျိုး သုံးစွဲထားကြောင်း စုံစမ်းဖော်ထုတ်ခံရပြီးနောက် တင်းနစ်ကစားခွင့် ၁၅ လ အပိတ်ခံခဲ့ပြီး ယခုနှစ် ဧပြီမှာမှ ကစားခွင့်ပြန်ရခဲ့တာပါ။ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရခဲ့သလို ဒဏ်ရာပြဿနာကြောင့်လည်း ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ ခုတော့ သူမရဲ့ အောင်မြင်ကျော်ကြားမှုတွေက ပြန်လည်တောက်ပလာပါပြီ။

 

Source : ESPN, Guardian

Share

Loading Next Article...
က္က