In partnership with  logo
သားအမိလို့ပြောရင် မယုံကြဘူး။

အပျိုတွေ ဘယ်လောက်လှလှ၊ အိမ်ထောင်သည်တွေနုပြီဆို လိုက်လို့ကိုမမီတော့တာ။ တချို့ဆို အမေနဲ့သား တွဲလာတာကို သားအမိမထင်ဘဲ စုံတွဲလို့တောင် အထင်ခံရတဲ့အထိပဲ။ ဆယ်ကျော်သက်အရွယ်သားဖြစ်သူနဲ့ ယှဉ်လျှောက်တာတောင် အမေလို့မထင်ကြဘူးတဲ့။

 

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာနေတဲ့ Puspa Dewi ဟာ မကြာသေးချင်ကပဲ အသက် ၅၀ ပြည့်သွားတာပါတဲ့။ ဒါပေမဲ့ သူစိမ်းတွေကတော့ သူမကို ရှိရင်းစွဲအသက်ရဲ့ ထက်ဝက်လောက်ပဲရှိမယ်လို့ချည်း ထင်နေကြတယ်။ Dewi ဟာ သူမကိုယ်သူမ ကျန်းမာလှပအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကိုစားကာ ပျော်ပျော်နေပါသတဲ့။

 

"လူတွေက ကျွန်မကို အသက်ကြီးလာလေလေ ပိုနုလာလေလေပဲလို့ ပြောကြတယ်" လို့ Dewi က ပြောပါတယ်။ ကလေးတွေအကုန်လုံးက အရွယ်ရောက်ပြီဆိုတော့ သူမအနေနဲ့ အလုပ်ကို အာရုံစိုက်လုပ်တော့မယ်လို့လည်း ပြောပါတယ်။ Dewi က သူမကိုယ်သူမ Mama Hadi လို့ အမည်ပေးထားပြီး အေရိုးဗစ်၊ ရေကူး၊ ကြက်တောင်ရိုက်တာတွေကို နှစ်သက်တယ်လို့ပြောတယ်။ ပြီးတော့ Zumba အက ကရတာကိုလည်း နှစ်သက်သူပါ။ ခုဆို သူမ နှစ်သက်တဲ့အလုပ်တွေကို လုပ်နိုင်တော့မှာဖြစ်လို့ ပိုပျော်နေတယ်လို့လည်းဆိုပါတယ်။

 

Dewi ဟာ သားနှစ်ဦးဖြစ်တဲ့ ဒန်းနစ် ၊ ဒန်နီရယ်လ်တို့နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ မကြာသေးခင်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ လူတွေက သူတို့သားအမိတွေကို သားအမိပါလို့ပြောရင် မယုံကြဘူး။

see also 

သူမကို ပြည်ပကလူတွေကသာ ခုမှသိကြပေမဲ့ ပြည်တွင်းကလူတွေကတော့ သိကြပါတယ်။ အင်ဒိုရုပ်သံလိုင်းမှာ မကြာခဏ မြင်ရတတ်တဲ့ စတားတစ်ဦးပါ။ အင်စတာဂရမ်မှာလည်း follower အများကြီး ရထားသူဖြစ်ပါတယ်။

 

Source : Detik

Share

Loading Next Article...
က္က