In partnership with  logo
မီဂန်မာကယ်လည်း ဒါတွေကို လိုက်နာရတော့မယ်။

တော်ဝင်မိသားစုဝင် ဖြစ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အထူးသဖြင့် ပြင်ပမှာ မွေးဖွားပြီး တော်ဝင်မိသားစုဝင် ဖြစ်လာရတဲ့အခါ ပိုခက်ပါတယ်။ ဗြိတိန်က တော်ဝင်မိသားစုဝင် အမျိုးသမီးတွေဟာ စည်းမျဉ်းစည်းကမ်းတွေ အများကြီးကို လိုက်နာနေထိုင်ကြရတာပါ။

၁။ သားမွေးမဝတ်ရဘူး

katefurgloves-e1511804316171.jpg 

၁၁၃၇ ခုနှစ်ကတည်းက Edward III ဘုရင်က တော်ဝင်မျိုးနွယ် အမျိုးသမီးတွေ သားမွေးထည်ဝတ်ခြင်းကို တားမြစ်ခဲ့တာပါ။ ပြီးတော့ ဘုရားကျောင်းမှာဆိုလည်း အမျိုးသားတွေက သားမွေးထည် မဝတ်ဖို့ပါ အမိန့်ထုတ်ခဲ့တယ်။ ဗြိတိန်တော်ဝင်မျိုးနွယ်တွေဟာ ခုချိန်ထိ ဒီစည်းမျဉ်းကို လိုက်နာကြပါတယ်။

၂။ နာမည်ပြောင်မရှိ

kateandladydi.jpg 

ဒိုင်ယာနာနဲ့ ကိတ် မစ်ဒယ်လ်တန်တို့ရဲ့ နာမည်ပြောင်တွေကို ကြားဖူးလား? မကြားဖူးဘူးမို့လား။ ဘာကြောင့်လဲဆိုတော့ တော်ဝင်မိသားစုအဖြစ် ခံယူရတဲ့ အမျိုးသမီးတွေဟာ နာမည်ပြောင်တွေကို ဖုံးကွယ်ထားကြရလို့ပါပဲ။

၃။ ရည်ရွယ်ချက်နဲ့ကိုင်ရတဲ့ ပိုက်ဆံအိတ်

royal-women-bag-e1511813122388.jpg 

ပိုက်ဆံအိတ်ကို ကိုင်ရတဲ့အခါ နှစ်မျိုးပဲ ကိုင်ရတယ်။ ကိတ်မစ်ဒယ်လန်တန်က ပိုက်ဆံအိတ်ကို လက်တစ်ဖက်နဲ့ ကိုင်ရင်ကိုင်၊ ဒါမှမဟုတ် လက်နှစ်ဖက်နဲ့ကိုင်ပြီး အရှေ့မှာ ထားထားလေ့ရှိတယ်။ အထူးသဖြင့် လူကြားထဲတွေ့ရတာမျိုး၊ သတင်းစာရှင်းလင်းပွဲမျိုးတွေမှာဆိုရင် ကိတ်က လက်အစုံချပြီး အိတ်ကို ကိုင်ထားတယ်။ လက်ဆွဲနှုတ်ဆက်လေ့မရှိဘူး။ ဘုရင်မကြီးကတော့ ပိုက်ဆံအိတ်ကို ဘယ်လက်ကနေ ညာဘက်ကို ပြောင်းလိုက်ပြီဆိုရင် စကားစဖြတ်ချင်ကြောင်း အရိပ်အယောင်ပြတာပါတဲ့။

၄။ ခေါင်းဆောင်း

katehat-1-e1511803977824.jpg 

တော်ဝင်ပွဲတွေမှာ လှပတဲ့ဂါဝန်ကိုပဲ ဝတ်ရတာလည်း အမိန့်တစ်ခုပါပဲ။ နေ့ဘက်ပြုလုပ်တဲ့ ပုံမှန်ပွဲလမ်းတွေဆိုရင် ခေါင်းဆောင်းကို မဖြစ်မနေ ဆောင်းရသေးတယ်။ ဒါပေမဲ့ ပွဲက ညနေ ၆ နာရီ ကျော်သွားပြီ ၊ ဒါမှမဟုတ် အပြင်မှာမဟုတ်ဘဲ ခမ်းမထဲမှာ လုပ်တာမျိုးဆို ခေါင်းဆောင်းမဟုတ်တော့ဘဲ သရဖူဆောင်းရတယ်။ သရဖူဟာလည်း ဦးခေါင်းနောက်ဘက် ၄၅ ဒီဂရီမှာ ဆောင်းရသတဲ့။

Source : The Richest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က