In partnership with  logo
မိန်းကလေးတွေဟာ ချစ်ဖို့ကောင်းပြီး ထွေးပွေ့ချင်စရာ ဆိုတာထက် ပိုပါတယ်တဲ့လေ။

ကိုယ့်အသက် ၁၁ နှစ် အရွယ်ကို ပြန်တွေးကြည့်လိုက်ရင် အဲ့ဒီအချိန်ဟာ ကျောင်းတက်လိုက် ၊ ဆော့ကစားလိုက်နဲ့ မိဘအရိပ်အောက်မှာ အပူပင်ကင်းကင်းနဲ့ နေခဲ့ချိန်တွေပဲ ဖြစ်မှာပါ။ ဒီလိုမျိုး ငယ်ရွယ်တဲ့ အသက်အရွယ်မှာတောင် အမျိုးသမီးတွေ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသူလေးလည်း ရှိသတဲ့။ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ ကျား၊ မ သာတူညီမျှဖြစ်ရေး ဝက်ဘ်ဆိုက်တစ်ခု ရှိပါတယ်။

 

နယူးယော့ခ်မြို့က အသက် ၁၁ နှစ်အရွယ် ကောင်မလေး ၃ ယောက်ဟာ ဝက်ဘ်ဆိုက်ဒ်တစ်ခု ပူးပေါင်း ထောင်ထားကြပါတယ်။ ပြီးတော့ သူတို့ရဲ့ နေ့စဉ်ဘဝအကြောင်းတွေကို တင်လေ့ရှိတယ်။ မိန်းကလေးသုံး ပစ္စည်းတွေ ဝယ်တာတွေ၊ ဈေးဆိုင်တွေ အကြောင်းကိုလည်း တင်ကြသတဲ့။

 

အဲ့ဒီ ဝက်ဘ်ဆိုက်ဒ်လေးကို Girls United လို့ အမည်ပေးထားကြတယ်။ ဝက်ဘ်ဆိုက်ဒ်ကို ဝင်လိုက်တာနဲ့ " Because girls are more than just cute and cuddly" ဆိုတဲ့ စာသားလေးနဲ့ ကြိုထားကြတယ်။ မိန်းကလေးတွေဟာ ချစ်ဖို့ကောင်းပြီး ထွေးပွေ့ချင်စရာ ဆိုတာထက် ပိုပါတယ်တဲ့လေ။

Source : Instyle

Share

Loading Next Article...
က္က