In partnership with  logo
ထက်မြက်ပြီး ရဲရင့်တဲ့ အမျိုးသမီးတွေကို အားမကျဘူးလား။

မိန်းကလေးတစ်ယောက်အနေနဲ့ လူ့လောကထဲကို ရောက်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပေးထားရမယ့် ကတိကဝတ်တွေ ရှိပါတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ဘဲ ကိုယ့်အတွက် ပေးထားရတဲ့ ကတိတွေပါ။ ဒါတွေကို တည်နေအောင်လည်း စောင့်ထိန်းလိုက်နာနိုင်ပါမှ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ။ အရှုံးတွေ ရင်ဆိုင်ရချိန်မှာတောင် အထိအခိုက် နည်းပါးဖို့ ဘယ်လိုကတိတွေ ထားကြမလဲ။

၁။ တစ်ယောက်တည်းပျော်နိုင်ရမယ်

97.jpg 

ခင်မင်တတ်တဲ့ စိတ်ကလေးက ချစ်ဖို့ကောင်းပါတယ်။ အပေါင်းအသင်း မက်လွန်းတာတော့ နိုးပါ ညီမလေးရေ။ အဖော်အပေါင်းရှိမှ နေတတ်ပြီး တစ်ယောက်တည်းဆို အထီးကျန် ဝမ်းနည်းမနေရပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးစမ်းပါ။ ဒါမှသာ ညီမလေးက သတ္တိရှိပြီး ရဲရင့်သူ ဖြစ်လာမှာ။

၂။ အမြဲမပြတ် လေ့လာနေရမယ်

6.jpg 

ကိုယ်သိထားတဲ့အရာတွေက ဘယ်တော့မှ လုံလောက်တယ်ဆိုတာ မရှိပါဘူး။ အဲ့ဒီအတွက် အမြဲတမ်း လေ့လာနေရမယ်။ ဘာနဲ့တူသလဲဆိုရင် ပင်လယ်ပြင်ကြီးထဲကို ခုန်ချပြီး ကူးခတ်နေသလိုပေါ့။ မရပ်တန့်လိုက်ပါနဲ့။ ဒီ့ထက်ပိုပိုပြီး တတ်မြောက်လာအောင် ကြိုးစားဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

၃။ နောင်တတွေနဲ့ မငြိတွယ်ရဘူး

29.jpg 

လူပဲလေ အမှားဆိုတာ ရှိစမြဲပါ။ အတိတ်မှာ မှားခဲ့တဲ့ အမှားကြီးကို မခွဲနိုင်မခွာရက် တွယ်ဖက်မထားပါနဲ့။ အဲ့ဒီအစား ဒီလိုအမှားမျိုး ထပ်မမှားစေရဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ ပိုကောင်းလာအောင် ကြိုးစားပါ။ အမြဲတမ်း ရှေ့ကိုဆက်လျှောက်နေရမယ်လို့ ကတိပေးပြီး အတိတ်တွေကို သော့ခတ်သိမ်းထားပစ်လိုက်ပါ ညီမလေးရေ။

Share

Loading Next Article...
က္က