In partnership with  logo
အားကျ အတုယူမိပါတယ် ညီမလေးတို့ရေ

ကမ္ဘာပေါ်မှာ ခေါင်းဆောင်နေရာကို ရယူထားတာ အမျိုးသားတွေချည်းပဲ မဟုတ်ပါဘူး။ နယ်ပယ် အသီးသီးမှာ အမျိုးသမီးခေါင်းဆောင်တွေ ရှိကြပါတယ်။ ယနေ့ခေတ် စီးပွားရေးနယ်ပယ်ထဲမှာ ဦးဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ စကားသံတွေကိုလည်း အတုယူစရာအဖြစ် ဖော်ပြလိုက်ပါတယ်။

၁။ Indra Nooyi - PepsiCo ၏ CEO

indra-nooyi-bloomberg_650x400_71479262729.jpg 

" ခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်မကိုယ်ကျွန်မ ကြမ်းကြမ်းတမ်းတမ်းထားတယ်။ ပြီးတော့ အားလုံးအတွက် စံဖြစ်အောင်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မအရမ်းဂရုစိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက လူတွေကို သူတို့လုပ်နေတဲ့အရာမှာ တော်စေချင်တယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ကျွန်မကိုကြည့်ပြီး အနာဂတ်မှာ စိတ်အားထက်သန်လာနိုင်မယ်လေ"

၂။ Sheryl Sandberg - Facebook COO

508082604.jpg 

" ကိုယ်တိုင်က အပြည့်အဝ အဆင်သင့်ဖြစ်နေပြီဆိုတာ မသေချာဘူးဆိုရင်တောင်မှ စိန်ခေါ်မှု အသစ်တွေကို အမြဲတမ်း ရယူပါ"

၃။ Mary Barra - General Motors ၏ ဥက္ကဌ ၊ CEO

Mary.jpg 

" ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွဲတွေကို စောစောစီးစီး မပစ်ပယ်လိုက်နဲ့။ ကိုယ့်ရဲ့ အသက်မွေးလမ်းကြောင်းပေါ် အခြေခံထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့အရာတွေကနေ ရှောင်ထွက်မသွားပါနဲ့"

၄။ Susan Wojcicki - YouTube နှင့် Alphabet တို့၏ CEO

481712548.jpg 

" ထုတ်ပြောပါ။ ကိုယ့်စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာ ထုတ်ပြောဖို့ မကြောက်ပါနဲ့။ ဒါမှမဟုတ် ကိုယ် ဘာလိုချင်တယ်ဆိုတာကိုလည်း ထုတ်ပြောဖို့ မကြောက်ပါနဲ့"

၅။ Amy Hood - Microsoft ၏ EVP နှင့် CFO

150327083130-amy-hood-microsoft-780x439.jpg 

" ဒီနေ့ ရှင့်မှာရှိတဲ့ အကြံဟာ နောက်နှစ်အနည်းငယ်အတွင်းမှာ တစ်ထပ်တည်း ဖြစ်နေဦးမှာ မဟုတ်ဘူး။ ဘဝနဲ့ ဦးစားပေးအရာတွေက ပြောင်းလဲနေတာ။ ဒါကြောင့်မို့လို့ ရွေးချယ်မှုတွေ လုပ်နေရလိမ့်မယ်"

Source : Tech.co


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က